
ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ရွှေနှင့်ငွေကြေးဈေးကွက် တည်ငြိမ်မှုသည် များစွာအရေးပါသည့်အတွက် ပြည်တွင်း ရွှေနှင့်ငွေကြေးဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ကို ဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းကော်မတီသည် ပြည်တွင်းငွေကြေးဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်းကြပ်မတ်ရာတွင် အထောက်အကူ ဖြစ်စေရန် တိုင်ကြားစာစိစစ်ရေးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်၍ ငွေကြေးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများဖြစ်သည့် နိုင်ငံခြား ငွေကြေးများအား တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်း ပြုလုပ်သူများ၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဲ့သို့ အခြေပစ္စည်းများအား ရောင်းဝယ်ပြီး ပိုင်ဆိုင်မှု လွှဲပြောင်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက်များအတိုင်း လိုက်နာမှု မရှိသူများ၊ ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်တွင် အပ်နှံထားသည့် ကျပ်ငွေများကို ရာခိုင်နှုန်းယူ၍ ငွေသားဖြင့်လဲလှယ်ထုတ်ပေးခြင်းတွင် ပါဝင်ပတ်သက်သူများကို သိရှိပါက ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ တိုင်ကြားစာစိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၉၄၆၃၊ လက်ကိုင်ဖုန်းနံပါတ် ၀၉-၄၃၀၀၆၈၃၃ နှင့် Email လိပ်စာ gmm.complaint@cbm.gov.mm သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊
ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ