(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

 

နေပြည်တော် မတ်  ၁၇


(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို မတ် ၁၆ ရက်က  ရှမ်းပြည်နယ်တောင်ပိုင်း  တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ  ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၌   ကျင်းပရာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်   နီလင်းအောင်၊   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ   ဦးခွန်ဝင်းကို၊   ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူး   ဦးခွန် သိန်းဖေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊  ဖိတ်ကြားထားသူ များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက် ကြသည်။

 


ဦးစွာ   ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က   သဝဏ်လွှာများကို ဖတ်ကြားကြသည်။   ထို့နောက်  ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီက ပေးပို့သော သဝဏ် လွှာကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်း ရေးမှူးချုပ် ဦးခွန်သိန်းဖေက ဖတ်ကြားသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက   ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပွဲတော်ကျင်းပ ရေးကော်မတီဥက္ကဋ္ဌက    လက်ခံယူပြီး   ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ပွဲတော် ကျင်းပရေးကော်မတီ အတွင်းရေးမှူးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး    ပြည်နယ်ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က တက်ရောက်လာကြသည့်  ဒေသခံ တိုင်းရင်းသားပြည်သူများကို  ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။              

သတင်းစဉ်