
နေပြည်တော် မတ် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန သထုံခရိုင် ဦးစီးမှူးရုံးနှင့် နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သထုံ ရှိ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအား သတင်း အမှား၊ အမှန်ခွဲခြား သုံးသပ်နိုင် ရေးနှင့် Social Media အသုံးပြု ရာတွင် ဆောင်ရန်၊ ရှောင်ရန်အသိ ပညာပေးခြင်း၊ ဥပဒေရေးရာ အသိ ပညာပေးခြင်းနှင့် မူးယစ်ဆေးဝါး ဆိုင်ရာ အသိပညာပေး ဟောပြော ပွဲကို ယနေ့ နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပ သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲ၌ သတင်း အမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန် အသိပညာ ပေးခြင်းကို သထုံခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ် ကလည်းကောင်း၊ ဥပဒေရေးရာ အသိပညာပေးခြင်း ကို ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုး ကလည်းကောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာ ပေးခြင်းကို မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူး တင်ကိုကို က လည်း ကောင်း ဟောပြောခဲ့သည်။
အသိပညာပေး ဟောပြောပွဲ သို့ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ သထုံခရိုင် ဦးစီးမှူး ရုံး နှင့် လူငယ်သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ကျောင်းသား ကျောင်းသူ များ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်