ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

 

နေပြည်တော်    မတ်    ၁၇


ကမ္ဘောဒီးယားနိုင်ငံတွင်         ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များအစည်းအဝေး 19th ASEAN Chiefs of Defence Forces Meeting (ACDFM-19)  သို့ တက်ရောက်ခဲ့သည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊    လေ)   ဗိုလ်ချုပ်ကြီး   မောင်မောင်အေးသည် ယနေ့ ညနေပိုင်းတွင် ဖနောင်ပင်မြို့ Sokha Hotel ၌ ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် General VONG PISEN က တည်ခင်းဧည်ခံသည့် ဂုဏ်ပြုညစာစားပွဲ  အခမ်းအနားသို့  တက်ရောက် သည်။ 

 


အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေ


အဆိုပါ   ဂုဏ်ပြုညစာစားပွဲသို့   ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့်အတူ   မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဝင်များ၊    အာဆီယံနိုင်ငံများမှ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စား လှယ်အဖွဲ့ဝင်များ   တက်ရောက်ကြသည်။   ဦးစွာ ကမ္ဘောဒီးယား      ဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ အခမ်းအနား        တက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။ 

 


ညစာသုံးဆောင်နေစဉ်အတွင်း တေးဂီတအဖွဲ့က  ရိုးရာတေးသီချင်းများ၊       အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီး တွင်    ညှိနှိုင်းကွပ်ကဲရေးမှူး   (ကြည်း၊  ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်   အမှတ်တရ  လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။     
               

သတင်းစဉ်