ကော့သောင်းမြို့ ပြည်တော်အေးစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

 

ကော့သောင်း မတ် ၁၆ 
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့တွင် တည်ထားကိုးကွယ်သည့် မြို့ ကျက်သရေဆောင်     ပြည်တော်အေး စေတီတော်  စိန်ဖူးတော်၊  ငှက်မြတ်နား တော် တင်လှူပူဇော်ပွဲနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ဗုဒ္ဓပူဇနိယ မင်္ဂလာအခမ်းအနားကို   မေ ၁၆ ရက် (တပေါင်းလပြည့်နေ့)      နံနက်ပိုင်းက စေတီတော်ရင်ပြင်တော်၌        စည်ကား သိုက်မြိုက်စွာ   ကျင်းပသည်။
အခမ်းအနားတွင်    ပြည်တော်အေး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ ဉာဏထံမှ   ငါးပါးသီလခံယူဆောက် တည်ကြ၍  ပရိတ်တရားများနာယူကာ သံဃာတော်များအား  လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး   ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ စစ်ဗျူဟာအဖွဲ့(အခြေ ချ) ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး အောင်ဇော်လင်း၊     ကော့သောင်း ခရိုင်     စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ ဦးစိုးအောင်၊  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး    အောင်မျိုးသန့်နှင့်  ခရိုင်/ မြို့နယ်အဆင့်   ဌာနဆိုင်ရာများ၊    ဥပ  ဿကာများ၊       ဂေါပကအဖွဲ့များက စိန် ဖူးတော်နှင့်      ငှက်မြတ်နားတော်ကို  ပင့်ဆောင်ကာ စေတီတော်ကို လှည့်လည် ပူဇော်ပြီး      မင်္ဂလာပန်းရထားဖြင့် စေတီတော်အထွတ်သို့        အဆင့်ဆင့် တင်လှူပူဇော်ခဲ့ကြသည်။
ယင်းနောက်  ဆရာတော်  သံဃာ တော်များက  ဗုဒ္ဓဘိသေက အနေကဇာ တင်လှူပူဇော်ကြပြီး   ကြွရောက်လာ သည့် ဆရာတော်သံဃာတော်များအား တာဝန်ရှိသူများနှင့်    အလှူရှင်များက နေ့ဆွမ်းဆက်ကပ်       လှူဒါန်းခဲ့ကြ သည်။
ကျော်စိုး(ကော့သောင်း)