နိုင်ငံတစ်ဝန်း တပေါင်းလပြည့်နေ့၌ ဘုရားဖူးပြည်သူများနှင့် ကုသိုလ်ပြုသူများ စည်ကား

 

ပဲခူး 
ပဲခူးတိုင်းဒေသကြီး  ပဲခူးမြို့၏   အထင်ကရတစ်ခု ဖြစ်သော  မြို့ကျက်သရေဆောင်   ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင်   တပေါင်း လပြည့်နေ့   နေ့ထူးနေ့မြတ်  အချိန်အခါသမယဖြစ် သည့်အားလျော်စွာ မတ် ၁၆ ရက် နံနက်ပိုင်းမှစ၍ ပဲခူးမြို့ရှိ  ဒေသခံပြည်သူများအပါအဝင်  အနယ်နယ် အရပ်ရပ်မှဘုရားဖူးလာပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
အလားတူ  ပဲခူးမြို့အတွင်း   စေတီတော်များ ဖြစ်သည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၊  သမိုင်း ဝင် ရွှေသာလျောင်း၊ စိန်သာလျောင်း၊ မြသာလျောင်း၊ မဟာစေတီ၊ ရွှေဂူလေးဘုရား၊ မဟာကြီး၊ ကိုးသိန်း ကိုးသန်းဘုရား၊ ကျိုက်ပွန်စေတီတော်မြတ်ကြီးများ တွင်လည်း   ဘုရားဖူးလာပြည်သူများက    ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြကာ ဂုဏ်တော် များနှင့် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြပြီး ရုံးပိတ်ရက်ဖြစ်သည့်အတွက်  နိုင်ငံ့ ဝန်ထမ်းများနှင့် ရပ်နီးရပ်ဝေး ဘုရားဖူးပြည်သူများ ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အပြင်  လေ့လာစရာ သမိုင်းဝင်အမွေအနှစ် များစွာရှိသည့်    ကမ္ဘောဇသာဒီရွှေနန်းတော်သို့ လည်း    အနယ်နယ်အရပ်ရပ်မှ     ပြည်သူများ လာရောက်လေ့လာလျက်ရှိပြီး အပန်းဖြေပြည်သူ များဖြင့်လည်း   စည်ကားလျက်ရှိကြောင်း   သိရ သည်။                                  

ခရိုင် (ပြန်/ဆက်)

 


ရွှေကျင် 
ပဲခူးတိုင်းဒေသကြီး    ရွှေကျင်မြို့နယ်အတွင်းရှိ သမိုင်းဝင်   အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော် တွင်   တပေါင်းလပြည့်နေ့  နံနက်ပိုင်းက  မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများနှင့်ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိပြီး ပန်း၊ ဆီမီး၊    အမွှေးနံ့သာဖြင့်    ဘုရားပူဇော်ရာတွင် အဆင်ပြေစေရေးအတွက် ဘုရားကြီးဂေါပကအဖွဲ့မှ စား‌ပွဲပေါ်တွင်  ပန်း၊ ဆီမီး၊  အမွှေးနံ့သာများ ခင်းကျင်းပေးထားကာ    ဘုရားဖူးပြည်သူများက အခမဲ့ယူဆောင်ပြီး    လှူဒါန်းပူဇော်နိုင်ကြောင်း သိရသည်။                  

ထွန်းထွန်းဇော်(ပြန်/ဆက်)

 


သန်လျင် 
တပေါင်းလပြည့် တပေါင်းပွဲတော်နေ့တွင် မြန်မာ နိုင်ငံအတွင်းရှိ   တန်ခိုးကြီးဘုရားများနှင့်   ဘုရား၊ ကျောင်း၊ ကန်၊  စေတီပုထိုးတို့တွင်    ကောင်းမှု ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိရာ ရန်ကုန် တောင်ပိုင်းခရိုင်  သန်လျင်မြို့နယ်ရှိ   ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် ကြီးတွင်   တပေါင်းလပြည့်နေ့    နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ     ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်နေကြသည်ကို တွေ့ရသည်။
သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီးအား  အနယ်နယ် အရပ်ရပ်မှ   ဘုရားဖူးပြည်သူများ   စိတ်အေးချမ်း သာယာစွာဖြင့် လာရောက်ဖူးမြော်နိုင်ရေးအတွက် နေ့စဉ်စေတီတော်မြတ်ကြီးအား နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားပြီး လာရောက် ဖူးမြော်ကြသော  ဘုရားဖူးပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်ဦး ချင်း ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးခြင်း နှင့် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ကာသတ်မှတ် အကွာအဝေးများအတိုင်း စနစ်တကျ ဖူးမြော်နိုင်ရေး       စေတီတော်ဂေါပကအဖွဲ့က     ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။              

သက်ခိုင်(သန်လျင်)

 


ကလော      
ရှမ်းပြည်နယ်တောင်ပိုင်း   ကလောမြို့   သီတဂူ ကမ္ဘောဇပညာရေးကျောင်းတော်ကြီး၌ သစ္စာသိမြင် သဗ္ဗညုတဉာဏ်တော်ရှင် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကို ရည်မှန်း၍    တည်ထားကိုးကွယ်သော   လောက သန္တိသိမ်စေတီတော်နှင့်  လောကသီရိစေတီတော်၊ ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း  သိရသည်။
 ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲသို့  သံဃာတော်များ ကြွရောက်တော်မူကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ ရွှေထီးတော်၊ စိန်ဖူးတော်တို့ကို သံဃာတော်များနှင့် အလှူရှင်များက ပင့်ဆောင်၍ မင်္ဂလာအချိန်ကျရောက်သည်နှင့်    တစ်ပြိုင်တည်း အမွှေးနံ့သာများ ပတ်ဖျန်းကာ စေတီတော်အထွတ် သို့ တင်လှူပူဇော်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ  အမျှပေးဝေခဲ့ကြောင်း သိရသည်။    

                       
ကျော်ဝင်း(ပြန်/ဆက်)


သံဖြူဇရပ်
မွန်ပြည်နယ်   သံဖြူဇရပ်မြို့   ကျက်သရေဆောင် ကျိုက္ခမီရေလယ်ဘုရား၌      တပေါင်းလပြည့် ပိတ်ရက်ဖြစ်သည့်  ယနေ့နံနက်ပိုင်းက   ဘုရား ဖူးလာရောက်ကြသည့်    ပြည်သူများ   အေးချမ်းစွာ ကုသိုလ်ယူသူများဖြင့် စည်ကားသိုက်မြိုက်လျက် ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင်   ကိုဗစ်-၁၉   ရောဂါ ဖြစ်ပွားမှု    လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများစိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန်   ရည်ရွယ်၍    တန်ခိုးကြီး ဘုရားဖြစ်သည့်    ကျိုက္ခမီရေလယ်ဘုရားတွင် ကျန်းမာရေးဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ  ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများ   စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ  ကပ်လှူပူဇော်၍ ဘုရားဝတ်ပြု   ဆုတောင်းသူများနှင့်   ဘုရားစျေး ရောင်း၊ စျေးဝယ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။                    

အေးအေးမွန်(ပြန်/ဆက်)

 


လမိုင်း 
မွန်ပြည်နယ်  လမိုင်းမြို့ ကျိုက်ကေလာသတန်ခိုး ကြီးစေတီ၏ ပွဲတော်ရပ်ဖြစ်သည့် တပေါင်းလပြည့် နေ့တွင်   ရပ်နီးရပ်ဝေးမှ  ဘုရားဖူးပြည်သူများစွာ လာရောက်ဖူးမြော်လျက်ရှိသည်။
   လမိုင်းမြို့တွင်   ကိုဗစ်-၁၉   ရောဂါ  သိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း  ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူ နိုင်ကြစေရန်  ကျိုက်ကေလာသတန်ခိုးကြီးဘုရားတွင်    ကိုဗစ်-၁၉   ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ  ဖွင့်လှစ်ပေးထားပြီးဖြစ်ကာ  ရဟန်း ရှင်လူပြည်သူများ  စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပွဲများ ပြုလုပ် ပြီး    ကုသိုလ်ကောင်းမှု   ဆောင်ရွက်မှုများရှိသကဲ့သို့ မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခု ဖြစ်သည့် အခါကြီးရက်ကြီး၊ နေ့ထူးနေ့မြတ်များတွင် လည်း  ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အား   အာဟာရဒါန  စတုဒိသာများဖြင့်    ဘုရားပုထိုး စေတီတော်ရင်ပြင်၌   ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြ သည်။                            

 ဖြူဖြူအေး(ပြန်/ဆက်)

 


အင်္ဂပူ
ဧရာဝတီတိုင်းဒေသကြီး     အင်္ဂပူမြို့   သမိုင်းဝင် ရွှေဆံတော်စေတီမြတ်ကြီးတွင်  တပေါင်းလပြည့် နေ့    နံနက်ပိုင်းက    ဝါပကာလ   ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်သည်။
အဆိုပါ     ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး     ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် ပြည်သူများ ပူးပေါင်းပြီး  မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း ၂၄‌ ကျောင်းမှ    သံဃာတော် အရှင်သူမြတ်များနှင့်        သီလရှင်ကျောင်း ခြောက်ကျောင်းမှ   သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်များ  လောင်းလှူခဲ့‌သည်။
အင်္ဂပူမြို့နယ်ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများမှ ဆရာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအားဝါပကာလ၌ဆွမ်းဆန်များ      အဆင်ပြေစေရေး အတွက် လပြည့်နေ့တိုင်း စေတနာရှင်များ စုပေါင်း ပြီး ဆွမ်းဆန်တော်များ လောင်းလှူပေးလျက်ရှိ ကြောင်း   ရွှေဆံတော်စေတီဂေါပကအဖွဲ့ထံမှ  သိရ သည်။                              

မန်းကျော်(ပြန်/ဆက်)