
ဂျကာတာ မတ် ၁၆
အင်ဒိုနီးရှားနိုင်ငံ၌ မတ် ၁၆ ရက် က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၃၀၁၈ ဦး တိုးလာ မှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၅၉၂၇၅၅၀ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ဖော်ပြလိုက် သည်။
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၂၃၀ ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၅၂၉၇၅ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းလာသူ ၃၂၂၆၂ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၅၄၉၄၆၀၆ ဦးအထိ ရှိလာသည်။
သက်ဆိုင်ရာ အာဏာပိုင် များက တရုတ်ဆီနိုဗက်ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှစကာ ကိုဗစ်-၁၉ ကာကွယ် ဆေးအစုလိုက် စတင်ထိုးနှံခဲ့ သည်။
ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု ကို လျှော့ချရန် အင်ဒိုနီးရှားအစိုးရ သည် အမျိုးသားကာကွယ်ဆေး ထိုး အစီအစဉ်ကို အရှိန်မြှင့်တင် လုပ်ဆောင်လျက်ရှိရာ ယနေ့အချိန် အထိ သန်း ၁၉၃ ဒသမ ၉၀ ကျော် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးပြီဖြစ် သည်။ သန်း ၁၅၂ ဒသမ ၄၀ ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ၌ ယခု အချိန်အထိ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းများအပါအဝင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပြီးသူ ၃၆၁ ဒသမ ၅၃ သန်း ရှိလာပြီဖြစ်သည်။
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ