
နေပြည်တော် မတ် ၁၆
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19)သို့ တက်ရောက်မည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ယနေ့ညပိုင်းတွင် ဖနောင်ပင် မြို့ Sokha Hotel ၌ ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN က တည်ခင်းဧည့်ခံသည့် ကြိုဆို ညစာစားပွဲအခမ်းအနားသို့ တက် ရောက်သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့်အတူ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင် များ တက်ရောက်ကြသည်။
ညစာစားပွဲ အခမ်းအနားတွင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား သည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူများသည် ညစာကို အတူတကွ သုံးဆောင် ကြသည်။
ညစာ သုံးဆောင်နေစဉ် အတွင်း တေးဂီတအဖွဲ့က ရိုးရာ အကအလှများ၊ အကပဒေသာများ ဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်