ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသည်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်

 

 

ဟနွိုင်း မတ် ၁၅  
ဗီယက်နမ်နိုင်ငံ၏  နေ့စဉ်  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူပေါင်း ၁၇၅၄၈၀ အထိ စံချိန်တင် တိုးလာကြောင်းဖော်ပြခဲ့ပြီး ယမန်နေ့ ကထက် ၁၄၂၁၈ ဦးတိုးလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင်‌ ဖော်ပြထားသည်။ 
ထပ်မံကူးစက်ဖြစ်ပွားသော   ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ များတွင် နိုင်ငံတစ်ဝန်း အစုလိုက်ကူးစက်ဖြစ်ပွားသူ ၆၃ ခုရှိပြီး အဆိုပါ  ကူးစက်ဖြစ်ပွားမှုများတွင်     ပြည်ပကူးစက်ဖြစ်ပွားသူ ၁၂ ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၇၅၄၆၈  ဦးပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုအများစုမှာ တောင်ပိုင်းဒေသ များမှဖြစ်ကာ မြို့တော်ဟနွိုင်းသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး မတ် ၁၄ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၆၇၀၈  ဦးရှိပြီး   ငါအန်ပြည်နယ်အလယ်ပိုင်းမှ  ၁၀၇၅၂  ဦးနှင့် ဖူသိုပြည်နယ်မြောက်ပိုင်းမှ ၉၀၆၂  ဦးတို့ ဖြစ်ကြသည်။
  ဆင်ဟွာ