KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ပေါ်၌ သွားလာလျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိ

နေပြည်တော်   မတ်   ၁၄
KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ  ပါဝင်သော ပူးပေါင်းအဖွဲ့အနေဖြင့်  ကရင်ပြည်နယ်   ကော့ကရိတ် မြို့နယ်ရှိ  မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ပေါ်၌    သွားလာ လျက်ရှိသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များ ကို   လက်နက်ကြီး၊  လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း၊        မော်တော်ယာဉ်များ ကို    မီးရှို့ဖျက်ဆီးခြင်း   စသည့် 
စာမျက်နှာ ၁၅ ကော်လံ ၁ သို့ ‌v
အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု  ပျက်စီးစေရန်နှင့် ခရီးသွားပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို  ထိခိုက်ပျက်စီးစေလျက်ရှိသည်။ 
ထိုသို့လုပ်ဆောင်လျက်ရှိရာ     ကော့ကရိတ် မြို့နယ်     တတန့်ကူးကျေးရွာအနီးရှိ     မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၌  ကုန်တင်ယာဉ်များနှင့်  ခရီးသည်တင်ယာဉ်များကို မတ် ၁၂ ရက် နံနက်ပိုင်း တွင်  KKO (ခွဲထွက်)အဖွဲ့နှင့်   PDF   အမည်ခံ အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က  လက်နက်ငယ်များဖြင့်      ပစ်ခတ်ရပ်တန့်စေပြီး မော်တော်ယာဉ်များအား  မီးရှို့ဖျက်ဆီးမှု    ပြုလုပ် ခဲ့သည်။
ဖြစ်စဉ်မှာ မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့  ကုန်ပစ္စည်းများတင်ဆောင်၍  မြဝတီ-ကော့ကရိတ် သွား  အာရှလမ်းသစ်အတိုင်း  မောင်းနှင်လာသော ၁၀ ဘီးယာဉ်တစ်စီးသည် မတ် ၁၂ ရက်  နံနက်  ၇ နာရီ မိနစ် ၄၀ တွင် တတန့်ကူးကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာသို့အရောက်၌ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများပါဝင်သော    အင်အား   ၁၀  ဦးခန့်က လက်နက်ငယ်များဖြင့်         ပစ်ခတ်ရပ်တန့်စေပြီး ယာဉ်မောင်းကို ယာဉ်ပေါ်မှဆင်းခိုင်းကာ မော်တော် ယာဉ်အား  မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း  သိရှိရ သည်။ 
အလားတူ ယင်းနေ့နံနက် ၉ နာရီ ၁၀ မိနစ် တွင်လည်း    မြဝတီမှရန်ကုန်သို့  ပြေးဆွဲနေသည့်   ရွှေစင်စင်္ကြာခရီးသည်တင် မော်တော်ယာဉ်နှင့် ၂၂  ဘီးယာဉ် တစ်စီးတို့ကို  KKO (ခွဲထွက်)အဖွဲ့နှင့် PDF  အမည်ခံ အကြမ်းဖက်သမားများပါဝင်သော အင်အား  ၁၅ ဦးခန့်က တတန့်ကူးကျေးရွာ၏  အရှေ့ဘက် မီတာ  ၃၀၀  ခန့်အကွာ၌လည်းကောင်း၊   ဖာပွန် ကမမောင်းလမ်းကြောင်းတစ်လျှောက်  လုံခြုံရေး ဆောင်ရွက်ရန် ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များကို      တတန့်ကူးကျေးရွာအနီးရှိ    မြဝတီ-ကော့ကရိတ်သွား  အာရှလမ်းသစ်၌လည်းကောင်း လက်နက်ကြီး၊   လက်နက်ငယ်များဖြင့်    ပစ်ခတ် တိုက်ခိုက်ကာ ခရီးသည်တင်ယာဉ်အား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။
မတ် ၁၃ ရက်  မွန်းလွဲပိုင်းတွင်လည်း   KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များသည် ကော့ကရိတ်-မြဝတီသွား  အာရှလမ်းမကြီး ပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ် (၅/၉၁)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့်  တံတားတိုင်ပဲ့ထွက်ပျက်စီးခဲ့ကြောင်းနှင့် မော်တော် ယာဉ်ငယ်များသာ    ဖြတ်သန်းသွားလာနိုင်ပြီး ကုန်တင်ယာဉ်နှင့် အခြားယာဉ်ကြီးများ  ဖြတ်သန်း သွားလာ၍ မရကြောင်း သိရှိရသဖြင့် အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
KKO(ခွဲထွက်)အဖွဲ့နှင့်   PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုနှစ်လဆန်းပိုင်း တွင်လည်း မြဝတီ-ကော့ကရိတ်  အာရှလမ်းသစ်၌ သွားလာနေသည့်  ခရီးသည်တင်မော်တော်ယာဉ်များ နှင့် ကုန်တင်ယာဉ်များအား  လက်နက်ငယ်များဖြင့်  အကြောင်းမဲ့ပစ်ခတ်ခြင်း၊   မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ရာ  ယခုနှစ်  ဇန်နဝါရီ  ၈  ရက်တွင် သင်္ကန်းညီနောင်-ကော့ကရိတ်သွား  ကားလမ်းအတိုင်း မောင်းနှင်လာသော      လုပ်ငန်းသုံးဂက်(စ်)များ သယ်ဆောင်လာသည့်  မော်တော်ယာဉ်အား KKO (ခွဲထွက်)အဖွဲ့က ၄၀ မမ  ဗုံးသီးများဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ   ယာဉ်ဦးခေါင်းပိုင်း     ဗုံးသီးထိမှန် မီးလောင်ကျွမ်းခဲ့ရသည်။
    အလားတူ မြဝတီမြို့မှ မန္တလေးမြို့သို့ ပို့ဆောင် ရန် Argon Gas အရည်များ တင်ဆောင်ထွက်ခွာ လာသည့် ဦးထွန်းမင်းဦး(ဘ) ဦးကိုမြင့် မောင်းနှင်ပြီး ရဲထူးအောင်(ဘ)ဦးဝင်းထူး    လိုက်ပါလာသော မော်တော်ယာဉ်သည် ဇန်နဝါရီ  ၁၁ ရက် ညနေ ၄ နာရီခွဲခန့်တွင်  ကော့ကရိတ်မြို့နယ်    တတန့်ကူး ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်  အကွာသို့ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ မော်တော်ယာဉ် လေကာမှန်နှင့်ကားဘီး များ လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့ရသည်။ 
    အလားတူ ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီခန့်တွင် မြဝတီမှ ရန်ကုန်သို့ စားသောက်ကုန်နှင့်လူသုံးကုန် ပစ္စည်းများ သယ်ဆောင်လာသည့် ဦးဇော်ဇော်ဦး(ဘ) ဦးသန်းအောင်မောင်းနှင်ပြီး   ဇနီး   ဒေါ်ရှမ်းမ(ဘ) ဦးလှမြင့် လိုက်ပါစီးနင်းလာသော  မော်တော်ယာဉ် သည်  ကော့ကရိတ်မြို့နယ်  ချောင်းတောင်ရွာ၏ အရှေ့တောင်ဘက် မီတာ ၈၀၀ ခန့်အကွာသို့ရောက်ရှိ စဉ် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက ယာဉ်အားရပ်တန့်စေပြီး  မော်တော်ယာဉ် အား ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အအုံများနှင့်  အများပြည်သူနေအိမ်များ အပြင် အများပြည်သူသွားလာနေသည့် လမ်းမကြီး များနှင့်  ခရီးသွားပြည်သူများအား  ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းနှင့်  လူမှုစီးပွားကို  ထိခိုက် ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတား ဖြစ်စေသည့် အကြမ်းဖက်လုပ်ရပ်များကို  တစ်ဖက်သတ် အစွန်းရောက် ဝါဒစွဲအပေါ် အခြေခံကာ  အသိဉာဏ် နည်းပါးစွာ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့်  နယ်မြေ ဒေသ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ   ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။                            သတင်းစဉ်