ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများ၊ သင်တန်းသားများနှင့်တွေ့ဆုံ

နေပြည်တော်  မတ်   ၁၄


(၁၉)ကြိမ်မြောက်      အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး  19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန်  ကမ္ဘောဒီးယားနိုင်ငံ၌ ရောက်ရှိနေသည့်     ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)    ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည်  ယနေ့ညနေပိုင်းတွင်   ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့သွားရောက်၍   သံရုံးနှင့် စစ်သံရုံး မိသားစုများ၊ သင်တန်းသားများနှင့် တွေ့ဆုံအမှာ စကားပြောကြားသည်။ 


ကြိုဆိုနှုတ်ဆက်


ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)    ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်    အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ    မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံးနှင့် စစ်သံရုံးတို့မှ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ 


ယင်းနောက်  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)    ဗိုလ်ချုပ်ကြီး မောင်မောင်အေးက သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအား    အမှာ စကားပြောကြားသည်။ 


ထို့နောက်  သံရုံး၊   စစ်သံရုံးမိသားစုများ၊  သင်တန်းသားများအတွက်        နိုင်ငံတော်စီမံ   အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ         တပ်မတော်    ကာကွယ်ရေးဦးစီးချုပ်       ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က ပေးအပ်လိုက်သည့် စားသောက် ဖွယ်ရာများနှင့်   လက်ဆောင်ပစ္စည်းများကို ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)   ဗိုလ်ချုပ်ကြီး    မောင်မောင်အေးကပေးအပ်ရာ    သံအမတ်ကြီး၊  စစ်သံမှူးနှင့် မိသားစုဝင်များ၊  သင်တန်းသားများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်