
ပါရီ မတ် ၁၃
ပြင်သစ်နိုင်ငံ၌ မတ် ၁၄ ရက်မှစတင်ကာ အသက် ၈၀ နှင့် အထက်များကို ကိုဗစ် - ၁၉ စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးပေးတော့မည် ဖြစ်သည်ဟု ပြင်သစ်ဝန်ကြီးချုပ် ယန်းကက်စ်တက်စ်က ပြောသည်။
ကိုယ်ခံအားစနစ် ကောင်းမွန်ရေးအတွက် ကာကွယ်ဆေးထိုးပေးသည့် လှုပ်ရှားမှုကို တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု လာပရီရှန်နေ့စဉ် စာစောင်တွင် ဖော်ပြထားသည်။ ပြင်သစ်နိုင်ငံ၌ အသက် ၈၀ နှင့်အထက် လူဦးရေ ၄ ဒသမ ၁ သန်း တွင် ၃ ဒသမ ၁ သန်းမှာ တတိယအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားလျက်ရှိသည်။ မတ် ၁၂ ရက် တွင် နောက်ထပ်ကူးစက်ခံရသူ ၇၂၄၄၃ ဦး ထပ်မံ တွေ့ရှိခဲ့သည်ဟု အမျိုးသားကျန်းမာရေးအေဂျင်စီက ပြောသည်။
ပြင်သစ်နိုင်ငံတွင် အများပြည်သူနှင့် သက်ဆိုင် သည့်နေရာများကို ဝင်သည့်အခါ ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ပြသရန်နှင့် အဆောက် အအုံအတွင်းသို့ ဝင်သည့်အခါ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန် ကန့်သတ်ချက်တို့ကို ဖြေလျှော့တော့ မည်ဖြစ်သည်။ ကန့်သတ်ချက်များကို ဖြေလျှော့ပေး သော်လည်း လူထူထပ်သည့် နေရာများနှင့် အဆောက်အအုံအတွင်းပိုင်းနေရာများသို့ သွားသည့် အခါ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန် ပြင်သစ် ဝန်ကြီးချုပ်က ပြောသည်။
ဆင်ဟွာ