
နေပြည်တော် မတ် ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကိုင်းမကျီး ကျေးရွာရှိ ဒေါ်မြင့်မြင့်သန်းနေအိမ်၌ မတ် ၁၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်နွားတင်းကုပ်မှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရာ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းမီးငြှိမ်းသတ် ခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် ၇၂ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ယနေ့ မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ် သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေး ပြီး မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၇၂ စုတို့ကို ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်