မင်္ဂလာကန် ရေရှည်စိမ်းလန်းစိုပြည်ရေး တာဝန်ရှိသူများအား မှာကြား

 

ရန်ကုန်    မတ်    ၁၂
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်       ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် မတ် ၁၁ ရက်က မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ တပ်မတော် ဆေးတက္ကသိုလ်နှင့် အမှတ်(၁)  တပ်မတော်ဆေးရုံ ကြီးအကြား  မင်္ဂလာကန် စိမ်းလန်းစိုပြည်ရေးနှင့် ကန်ပတ်ဝန်းကျင်     သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ပြီးစီးမှု၊ ခုံတန်းများ၊ မီးတိုင်များ  တပ်ဆင် ထားရှိမှု၊ ပြည်သူများကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်  လေ့ကျင့်ရေးပစ္စည်းများ   တပ်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ကြသည်။ (ယာပုံ) တိုင်းဒေသကြီး  ဝန်ကြီးချုပ်က မင်္ဂလာကန်      ရေရှည်စိမ်းလန်းစိုပြည်ရေးနှင့် ကန်ပတ်ဝန်းကျင်သန့်ရှင်း သာယာသပ်ရပ်ရေးကို  ရေရှည်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား မှာကြားသည်။
ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး  ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး လမ်းဦးစီး ဌာနက တာဝန်ယူတည်ဆောက်နေသော ရန်ကုန်-ပြည်လမ်း ရန်ကုန်-ပဲခူးလမ်း    အမှတ်(၂)လမ်းနှင့် အမှတ်(၃)လမ်းမကြီးတို့ကို  ဆက်သွယ်ထားသော အမှတ်(၇)လမ်း(မြို့ပတ်လမ်း) မင်္ဂလာဒုံ၊လှည်းကူး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အထိ ပေ ၄၀ အကျယ် မြေသားတာပေါင်တည်ဆောက်ခြင်းနှင့်    ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုများ ကို လှည်းကူးမြို့နယ် တံခွန်တိုင်ကျေးရွာ ရှင်းလင်း ဆောင်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့အား ညွှန်ကြားရေး မှူး ဦးထင်ကျော်က ရှင်းလင်းတင်ပြရာ တိုင်းဒေသ ကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ     ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြပြီး ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်    စစ်ပင်တောင် ကျေးရွာရှိ   ငမိုးရိပ်ရေထိန်းတံခါးသို့ရောက်ရှိရာ    ရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင် ဦးနှင့် တာဝန်ရှိသူများက ငမိုးရိပ်ရေလှောင်တမံမှ လဂွမ်းပြင်ရေသန့်စင်စက်ရုံသို့     တစ်ရက်လျှင် ရေဂါလန် ၁၀ သန်း  ဖြန့်ဖြူးပေးနေမှု၊     ငမိုးရိပ် ရေလှောင်တမံ ဆည်ရေသောက်ဧရိယာဖြင့် ယခုနှစ် နွေစပါး ၃၉၅၉ ဧကစိုက်ပျိုးနိုင်မှုနှင့် ငမိုးရိပ်ရေထိန်း တံခါးဖြင့် ရေသိုလှောင်ပြီး ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ  တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးနှင့်    မြို့တော်ဝန်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ငမိုးရိပ်ရေထိန်းတံခါးကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို သက်ဆိုင် ရာ ဌာနဆိုင်ရာများနှင့်  ညှိနှိုင်းပေါင်းစပ်ပေးကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)