ဦးတည်အုပ်စုများ သတ်မှတ်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  မတ်  ၁၂


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက်   ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊    မသန်စွမ်းသူ များ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊  နာတာရှည်ရောဂါအခံ ရှိသူများ၊ ကယ်ဆယ်ရေးစခန်း များ၊   ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ       ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက် တန်းအဆင့်     ကျောင်းသား ကျောင်းသူများ  စသည့်  ဦးတည် အုပ်စုများ           သတ်မှတ်၍ တပ်မတော်မှ      ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း  လုပ်ငန်း များကို   ဆောင်ရွက်ပေးလျက် ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တို့၌    ဒေသခံပြည်သူ ၃၆၅၄ ဦး၊ တနင်္သာရီတိုင်းဒေသ ကြီး    မြိတ်မြို့နယ်နှင့်   ပုလော မြို့နယ်တို့၌    ဒေသခံပြည်သူ ၁၇၅၀ ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၃၈၆၉ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ် မြို့နယ်တို့၌    ဒေသခံပြည်သူ ၈၀၅၀ ၊   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံ ပြည်သူ ၆၆၂၀နှင့် ပဲခူးတိုင်း ဒေသကြီး ထန်းတပင်မြို့နှင့် ပဲခူး မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၀၃ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက       ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သက်ဆိုင်ရာ ကျန်းမာရေး         ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉   ရောဂါ  ကာကွယ် ဆေးထိုးနှံပေးသည်။


ထို့အတူ         ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်း သား  ကျောင်းသူ  ၁၁၅ ဦးတို့ကို တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။


ထိုသို့    ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး    လိုအပ်သည်များ ညှိနှိုင်း     ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်