မုံရွာလေဆိပ်၌ လေယာဉ်စီးမည့်ခရီးသည်များအား ကိုဗစ် ၁၉ ရောဂါရှိ/မရှိ စစ်ဆေးပေး

 

မုံရွာ  မတ်  ၁၂


မုံရွာ-ဟုမ္မလင်း လေယာဉ်ခရီးစဉ် ဖြင့်    လိုက်ပါမည့်    မုံရွာမြို့မှ ခရီးသည် အမျိုးသားရှစ်ဦး၊ အမျိုး သမီးခြောက်ဦး   စုစုပေါင်း   ၁၄ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့်  စစ်ဆေးခြင်းကို    မုံရွာမြို့နယ်     ကိုဗစ်-၁၉   ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ  ဥက္ကဋ္ဌ ဦးလှဝင်းအောင်၏  ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက  မတ် ၁၁ ရက်က ဆောင်ရွက်သည်။


ထိုသို့ စစ်ဆေးရာတွင် အောင် ချမ်းသာရပ်ကွက်၌     နေထိုင်သူ အမျိုးသမီးတစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသော်လည်း  ၎င်း တွင်       ရောဂါအခံမရှိခြင်း၊ ကာကွယ်ဆေး  နှစ်ကြိမ်အပြည့် ထိုးနှံပြီးခြင်းတို့ကြောင့်      မုံရွာ မြို့    နေအိမ်၌ပင်    ၁၀  ရက်ကြာ အသွားအလာ  ကန့်သတ်နေထိုင် စေမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ     မုံရွာ - ဟုမ္မလင်း လေယာဉ်ခရီးစဉ်တွင်   ခရီးသည် ၆၇ ဦး လိုက်ပါမည်ဖြစ်ရာ ကျန် ၅၃  ဦးတွင်   ကိုဗစ်-၁၉    ရောဂါပိုး ရှိ/မရှိ ကျန်းမာရေးစစ်ဆေးချက် များပါရှိကြောင်းနှင့်  မုံရွာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ် ရေးနှင့်      အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့်     လေယာဉ် ခရီးစဉ်ဖြင့်     လိုက်ပါမည့်သူများ အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်း လုပ်ငန်းများကို       အလေးထား ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။            

ခရိုင်(ပြန်/ဆက်)