၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု ဇီဝဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

 

ဒေါက်တာသီတာဦး၊ ပါမောက္ခ(ဌာနမှူး) ရုက္ခဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်
 

 

၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ ဇီဝဗေဒဘာသာရပ်ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူများ အားလုံး စာမေးပွဲမှာ လွယ်ကူစွာဖြေဆိုနိုင်ကြဖို့ရည်ရွယ်ပြီး ဇီဝဗေဒဘာသာရပ် လမ်းညွှန်အထောက်အကူ ပြု  ပို့ချမယ့်သင်ခန်းစာဖြစ်ပါတယ်။  ဒီပို့ချချက်မှာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် Grade 11 Biology Lesson Plan  နဲ့အညီ ဖတ်စာအုပ်မှ ပြဋ္ဌာန်းထားသော သင်ခန်းစာအခန်းများအလိုက် စာမေးပွဲမေးခွန်းပုံစံ များနဲ့အတူ ဖော်ပြသွားမှာဖြစ်ပါတယ်။
Grade 11 Biology မှာ ပါဝင်တဲ့  အခန်း (၁) မှ (၁၂) အထိ အကြောင်းအရာများအားလုံးဟာ ဇီဝဗေဒ ဘာသာရပ်နဲ့ပတ်သက်ပြီး  သိရှိရမယ့်အချက်များကို အခန်းလိုက် ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် သေချာ ကျေညက်အောင် လေ့လာကျက်မှတ်ခြင်းအားဖြင့် မေးခွန်းအားလုံးကို အခက်အခဲမရှိဘဲ ပိုင်ပိုင်နိုင်နိုင်ဖြေဆို နိုင်မှာဖြစ်ပါတယ်။
ဇီဝဗေဒဘာသာရပ်ရဲ့  မေးခွန်းပုံစံကို   လေ့လာမယ်ဆိုရင်-   မေးခွန်းနံပါတ် (၁)၊ (၂) နဲ့ (၃) ကတော့ လုံးဝရွေးချယ်ပိုင်ခွင့်မရှိဘူး။ မေးခွန်းနံပါတ်(၄)ကတော့ အားလုံးဖြေဆိုရမယ် ဆိုပေမယ့် သို့မဟုတ် (OR)ခံထားတဲ့ မေးခွန်းအမျိုးအစားတွေပါတော့ ရွေးချယ်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောနိုင်ပါတယ်။ ရွေးချယ် ပိုင်ခွင့်ရှိတဲ့ မေးခွန်းနံပါတ် (၅)နဲ့ (၆)မှာလည်း (OR) ခံထားတဲ့  မေးခွန်းမျိုးတွေပါတာကြောင့် ရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေပိုပြီးရှိတယ်။ သင်ရိုးကုန်ကျေညက်အောင် ကျက်မှတ်ထားတဲ့သူများအဖို့တော့ အမှတ်ပြည့် လုနီးပါး ဖြေဆိုနိုင်ကြပါလိမ့်မယ်။ ရွေးချယ်ကျက်မှတ်ထားတဲ့သူများအဖို့တော့ မေးခွန်းအားလုံးကို ဖြေနိုင်မှာမဟုတ်ဘဲ ကျက်ထားတာတိုးမှ ဖြေနိုင်မှာပါ။ ဂုဏ်ထူးထွက်ပြီး အမှတ်ပြည့်လုနီးပါးရတဲ့ ကျောင်းသား ကျောင်းသူများဟာ သင်ရိုးကုန်ကို သဘောပေါက်နားလည်အောင် ကျေညက်စွာ ကျက်မှတ် ထားသူများဖြစ်ကြတယ်။
ဆက်လက်ပြီး ဇီဝဗေဒဘာသာရပ်မေးခွန်းပုံစံကို ဖော်ပြထားပါတယ်။
1.    TRUE or FALSE    [1 mark each]    (10 statements)    10 marks
2.     Multiple Choice    [1 mark each]    (10 statements)    10 marks
3.     Completion    [1 mark each]    (10 statements)    10 marks
4.     Short Questions    [2 marks each]    (5 questions)    10 marks
5.     Short Questions    [5 marks each]    (4 out of 5 questions)    20 marks 
6.     Long Questions    [10 marks each]    (4 out of 6 questions)    40 marks
မေးခွန်းနံပါတ် 1. TRUE or FALSE statements ကိုဖြေဆိုဖို့ Statement ဟာ အားလုံးမှန်ကန်ပြီး မိမိသိရှိထားတဲ့အကြောင်းအရာနဲ့ကိုက်ညီရင် TRUE ဖြစ်ပြီး ကွဲလွဲမှုရှိရင် FALSE ဖြစ်တယ်။ ကောက်နုတ် ထားတဲ့ Statement များအနေနဲ့ ဖတ်စာအုပ်မှ တိုက်ရိုက်ကောက်နုတ်ထားတာရှိသလို Own construction နဲ့မေးထားတဲ့ statement များလည်း ရှိတာကိုတွေ့ကြပါလိမ့်မယ်။ မေးထားတဲ့ TRUE or FALSE statements များကို သေသေချာချာ နားလည်အောင်ဖတ်ပါ။ TRUE or FALSE statements ဖော်ပြချက် တွေဟာ နားလည်သဘောပေါက်မှုကို ဦးစားပေးမေးထားတာ တွေ့ရလိမ့်မယ်။
 မေးခွန်းနံပါတ် 2. Multiple Choice ဖြေဆိုရာမှာ အဖြေမှန် (Correct answer)ကို ရွေးချယ်ရန် စကားလုံး (၄) လုံး (A, B, C, D)ထဲက တစ်လုံးကို ပုဒ်ခွဲငယ်နံပါတ်နဲ့အတူ ဖော်ပြဖြေဆိုရမှာဖြစ်တယ်။
 မေးခွန်းနံပါတ် 3. Completion statement များအတွက်ကတော့ ကွက်လပ်ချန်ထားတဲ့နေရာမှာ မှန်ကန်တဲ့အဖြေစကားလုံး (Word)ကို စာလုံးပေါင်း (Spelling) မှန်မှန်နဲ့ဖြေဆိုပေးရမှာဖြစ်တယ်။ ဖြည့်စွက်မယ့် စကားလုံးရဲ့ Tense ကိုဂရုစိုက်ဖို့လိုသလို Scientific name ဖြစ်ခဲ့ရင်လည်း မျဉ်းသားပေး ဖို့လိုတယ်။ ဒါကြောင့် စာလုံးပေါင်းများကိုလည်း သတိထားပြီး ရေးသားကျက်မှတ်ရပါမယ်။ Objectives မေးခွန်းတွေ ဖြေဆိုရာမှာ စာကြောင်း (Statements)များကို ပြန်ကူးရေးစရာ မလိုပါဘူး။
Objectives Statements (၃၀) ကို မှန်ကန်အောင်ဖြေဆိုနိုင်ဖို့ကတော့ ကျောင်းသား ကျောင်းသူ များအနေနဲ့ သင်ရိုးပါ  အကြောင်းအရာတွေကို  နှုတ်တိုက်ကျက်မှတ်မယ့်အစား   အကြောင်းအရာရဲ့ အနှစ်သာရကို အဓိပ္ပာယ်ရှိစွာနဲ့ ဆက်စပ်တွေးခေါ်ပြီး သဘောပေါက်နားလည်အောင် မှတ်သားထားမှသာ လွယ်လင့်တကူ ဖြေဆိုနိုင်မှာဖြစ်တယ်။ Objectives မေးခွန်းတွေဟာ နားလည်သဘောပေါက်မှုနဲ့ စဉ်းစား တွေးခေါ်ယူဆမှု  Conceptual  ကို  အခြေခံတဲ့အတွက်  သေချာလေ့လာမှတ်သားဖို့လိုတယ်။ အဓိက ပါဝင်တတ်တဲ့ မေးခွန်းတွေက ပြဋ္ဌာန်းစာအုပ်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition) များနဲ့ Statements များဖြစ်တယ်။ ရွေးချယ်ဖြေဆိုစရာ မရှိတဲ့အတွက် အမှတ်ပြည့်ရလိုသူများအနေနဲ့ ပြဋ္ဌာန်းစာအုပ်တစ်အုပ် လုံးကို ခြုံငုံလေ့လာ ဖတ်ရှုထားဖို့လိုပါမယ်။
မေးခွန်းနံပါတ် 4, 5 နှင့် 6 ကိုဖြေဆိုရာမှာ မေးခွန်းတွေကို သေချာစွာဖတ်ရှုပြီး အမှတ်ပြည့်ရနိုင်မယ့် မေးခွန်းမျိုးကို ရွေးချယ်ဖြေဆိုဖို့လိုအပ်တယ်။ မေးခွန်းတိုမှာ တိုတိုနဲ့လိုရင်းကိုသာ ဖြေဆိုရမှာဖြစ်ပြီးတော့ မေးခွန်းရှည်မှာ ဘာသာရပ်ဆိုင်ရာ နားလည်တတ်ကျွမ်းမှုကို ဖြေဆိုရမှာဖြစ်တယ်။
မေးခွန်းတွေမှာ ပုံဆွဲခိုင်းရင် အချိုးကျသပ်ရပ်တဲ့ပုံကို ခဲတံနဲ့ဆွဲပြီး ပြည့်စုံမှန်ကန်တဲ့ပုံအညွှန်း Label နဲ့ ပုံခေါင်းစဉ် Caption တပ်ပေးဖို့လိုတယ်။ မေးခွန်းထဲမှာပုံပေးထားပြီး Label and Caption မေးခဲ့ရင် အဖြေလွှာစာအုပ်ထဲမှာ ပုံဆွဲစရာမလိုဘဲ နံပါတ်စဉ်အတိုင်း Label မှန်အောင်တပ်ဖို့နဲ့ ပုံရဲ့ခေါင်းစဉ် Caption ကို ရေးပေးဖို့လိုအပ်သလို ထပ်မံပြီးမေးထားတဲ့ မေးခွန်းရှိခဲ့ရင်လည်း ဖြေဆိုဖို့လိုအပ်တယ်။
ဒါကြောင့် သင်ခန်းစာများကို လေ့လာတဲ့အခါ သရုပ်ဖော်ပုံနဲ့တွဲပြီး လေ့လာဖို့လိုသလို Word diagram နဲ့ Table များကိုပါ လေ့လာထားဖို့လိုတယ်။ သိပ္ပံအမည်များကို ရေးသားဖော်ပြခိုင်းရင်တော့ မျိုးစု (Genus)  ဖြစ်ခဲ့လျှင် အစစာလုံးကို Capital letter နဲ့ စရေးပြီး မျဉ်းသားပေးဖို့လည်း လိုအပ်တယ်။
ဇီဝဗေဒသင်ရိုးမှာပါတဲ့ သင်ခန်းစာကို လေ့လာကြည့်ရင် Chapter I to IV ကို ရှင်းလင်းထားခြင်းဟာ Chapter VI to X အတွင်းပါဝင်တဲ့ ရုက္ခဗေဒ(Botany) ဘာသာရပ်ဆိုင်ရာအကြောင်းအရာများကို အခြေခံ အားဖြင့် နားလည်စေရန်ဖြစ်တယ်။
Parts of a plant အပင်တစ်ပင်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အမြစ်(Root), ပင်စည်(Stem), အရွက်(Leaf), ပန်းပွင့်(Flower)နှင့် အသီးနဲ့အစေ့(Fruit and seed)ကို သိရှိပြီးရင် အပင်အမျိုးအစား ခွဲခြားခြင်းနဲ့ပတ်သက်လို့ လေ့လာရမှာဖြစ်တယ်။ ပင်စည်ရဲ့သဘာဝ (Nature of stem)နဲ့ ကြီးထွားမှု (Growth habit)ပေါ်မူတည်ပြီး Tree သစ်ပင်၊ Shrub ချုံပင်၊ Herb သစ်ပျော့ပင်၊ Climber နွယ်ပင်နဲ့ Creeper တွားသွားပင်လို့ ခွဲခြားနိုင်တယ်။
သက်တမ်း (Length of life) ပေါ်မူတည်ပြီးလည်း Annual တစ်ရာသီခံပင်၊ Biennial နှစ်ရာသီခံပင် နဲ့ Perennial နှစ်ရှည်ခံပင်ဆိုပြီး ခွဲခြားနိုင်တယ်။
အမြစ်၊ ပင်စည်၊ အရွက်တွေရဲ့ထူးကဲမှု (Modification of Root, stem, leaf)ကို ထပ်မံနားလည် သဘောပေါက်ဖို့လိုအပ်ပြီး အမြစ်နဲ့ပတ်သက်ပြီး The root, Modified tap roots, modified adventitious roots မှ Prop roots, Climbing roots, Respiratory roots, Sucking roots or haustoria နဲ့ function of the root တွေကိုသရုပ်ဖော်ပုံများနဲ့တကွ လေ့လာရပါမယ်။ အလားတူ ပင်စည်နဲ့ပတ်သက်ပြီး The stem, Modified stems မှ Runner, Twiner, Tendril climber, Rhizome, Tuber နဲ့ Phylloclade and function of the stem များကို ပုံများနဲ့တကွ လေ့လာရပါမယ်။ အရွက်နဲ့ပတ်သက်ပြီး The leaf, Modified leaves မှာ False trunk or supporting leaf sheaths, Buoyancy by leaf floats, Bryophyllum, water storage leaves, food storage leaves and function of the leaves ကို ပုံများနဲ့တကွလေ့လာ ထားရပါမယ်။ Modification အပင်အမျိုးအစားတွေကို ပုံတွေနဲ့ ဖော်ပြထားတာကြောင့် ပုံအညွှန်း (Label)၊ ပုံခေါင်းစဉ် (Caption) တို့ကို မှတ်သားထားပြီး ပုံဆွဲတတ်အောင်လည်း လေ့ကျင့်ထားဖို့လိုတယ်။
အခုဆက်လက်ပြီး ပန်းပွင့်အကြောင်းကို ဖော်ပြမှာဖြစ်တယ်။ ပန်းပွင့်ဆိုတာ အပင်တစ်ပင်ရဲ့ မျိုးပွား တဲ့အင်္ဂါ (Reproductive structure) ဖြစ်တယ်။
ပန်းပွင့်တစ်ပွင့်ရဲ့အစိတ်အပိုင်းများ (Parts of a flower)ကို ကြည့်မယ်ဆိုရင် ပန်းပွင့်တွေမှာ Floral leaves ပွင့်ရွက်များဖြစ်တဲ့ Calyx ပွင့်ဖတ်အုံ၊ Corolla ပွင့်ချပ်အုံ၊ Androecium ဖိုအင်္ဂါအုံနဲ့ Gynoecium မအင်္ဂါအုံတွေဟာ အရစ်လိုက်တည်ရှိကြတယ်။ အဲဒီပွင့်ရွက်တွေ တစ်ခုခြင်းရဲ့ Structure နဲ့ Functions ကိုလည်း လေ့လာမှတ်သားကြရမယ်။
ဝတ်မှုန်ကူးခြင်း (Pollination) ကဏ္ဍမှာ ပွင့်တည်းဝတ်မှုန်ကူးခြင်း(Self-pollination)ရဲ့  adaptation နှစ်ခုဖြစ်တဲ့ Homogamy ပြိုင်တူရင့်ခြင်းနဲ့ Cleistogamy ငုံခြင်းဆိုပြီး နှစ်မျိုးရှိတယ်။ ပွင့်ခြားဝတ်မှုန်ကူးခြင်း (Cross-pollination)ဖြစ်တဲ့ ပန်းပွင့်တွေမှာ ဝတ်မှုန်ကူးဖို့ ပြင်ပအကူ (External agents)တွေ လိုတယ်။ အဲဒီ Agent တွေအရ Insect အားဖြင့် ဝတ်မှုန်ကူးရင် Entomophily, လေအကူအညီကြောင့် ဝတ်မှုန်ကူးရင် Anemophily, ရေအကူအညီကြောင့်ဖြစ်ရင် Hydrophily နဲ့ သတ္တဝါကြောင့် ဝတ်မှုန်ကူးရင် Zoophily ဆိုပြီး မှတ်သားရမယ်။ သန္ဓေအောင်ခြင်း Fertilization မှာ အမဂမိ(Female gamete) အဖိုဂမိ(Male gamete)  နဲ့ Fertilization ဖြစ်ပေါ် ပုံတို့ကိုလည်း သိထားရမှာဖြစ်တယ်။ 
Chapter III THE FRUIT AND ITS DISPERSAL OF SEEDS အသီးများနဲ့အစေ့ပျံ့နှံ့ခြင်း အခန်း နဲ့ပတ်သက်ပြီး ပန်းပွင့်ရဲ့ Ovaries ကနေ Fruits အသီးများ ဖွံ့ဖြိုးလာကြပြီး အသီးများကို ယေဘုယျအားဖြင့် တစ်ပွင့်တစ်သီးမျိုး (Simple fruit) တစ်ပွင့်သီးစုမျိုး (Aggregate fruit)နှင့် ပွင့်ပေါင်းသီးမျိုး(Composite)ဆိုပြီး သုံးမျိုးခွဲခြားထားတာတွေကို ပုံများနဲ့တကွ လေ့လာရပါမယ်။ အစေ့များ ပျံ့လွင့်ခြင်းအကြောင်းရင်းနဲ့ ပျံ့လွင့်နည်းများကိုလည်း နားလည်ဖို့လိုအပ်ပါတယ်။ 
Chapter IV The seed and its germination မှာ အစေ့လောင်း Ovules ကနေ အစေ့ Seed ဖြစ်လာပြီး အစေ့တစ်စေ့မှာ Embryo ပင်လောင်းတစ်ခု၊ Cotyledons စေ့ရွက်တစ်ခု သို့မဟုတ် နှစ်ခုနဲ့ Seed coat အစေ့ခွံတို့ပါဝင်တယ်။ စေ့ရွက်ပါဝင်မှုပေါ်မူတည်ပြီး Monocotyledons စေ့ရွက်ထီးနဲ့  Dicotyledons စေ့ရွက်စုံဆိုပြီး ခွဲခြားနိုင်တယ်။ အစေ့၏ ဖွဲ့စည်းတည်ဆောက်ပုံ (Structure of a Bean seed နဲ့ structure  of a maize grain)အကြောင်းအရာများကို နားလည်သဘောပေါက်ရပါမယ်။
CHAPTER I to IV ကို သေချာလေ့လာဖြေဆိုခြင်းအားဖြင့် မေးခွန်းပုံစံမှ အပိုင်းလိုက်ရရှိနိုင်တဲ့ အမှတ်မှာ (၂၆)မှတ်ဖြစ်ပါတယ်။ 
Chapter V A Typical Mammal အခန်းမှာတော့ ကျောရိုးရှိဖြစ်တဲ့ နို့တိုက်သတ္တဝါများကို အုပ်စု (၃)စု ခွဲခြားပုံကိုဖော်ပြပြီး ယင်းတို့ရဲ့ယေဘုယျလက္ခဏာ (၁၀)ချက်ကို ရှင်းလင်းထားခြင်းဟာ Chapter V to X အတွင်းပါဝင်တဲ့ သတ္တဗေဒ (Zoology) ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများကို အခြေခံအားဖြင့် နားလည်စေရန်ဖြစ်တယ်။
ပုံစံပြနို့တိုက်သတ္တဝါအနေနဲ့  The Rabbit (Lepus cuniculus) ရဲ့အလေ့အထ (Habits) ကိုသိရှိပြီးတဲ့ နောက် ပြင်ပလက္ခဏာ (External features)ကို   ပုံနဲ့တကွ  လေ့လာထားဖို့လိုတယ်။ ထို့နောက် ကိုယ်တွင်းခေါင်း (Body cavity)အတွင်း ခန္ဓာဗေဒဆိုင်ရာတည်ဆောက်မှုများဖြစ်တဲ့ အရိုးငြမ်းအဖွဲ့အစည်း (Skeletal system)၊ အစာခြေအဖွဲ့အစည်း (Digestive system)၊ အသက်ရှူအင်္ဂါအဖွဲ့အစည်း (Respiratory system)၊ သွေးလှည့်အဖွဲ့အစည်းမှ (Summarized arterial system and Summarized venous system) နဲ့ အာရုံကြောအဖွဲ့အစည်း (Nervous system, Cranial nerves and spinal nerves)များကို သရုပ် ဖော်ပုံများနဲ့တကွ စိတ်ဝင်စားဖွယ် လေ့လာနိုင်ပါတယ်။ CHAPTER  V ကို သေချာလေ့လာဖြေဆိုခြင်းအားဖြင့် မေးခွန်းပုံစံမှ အပိုင်းလိုက်ရရှိနိုင်တဲ့အမှတ်မှာ (၂၀)မှတ်ဖြစ်ပါတယ်။
CHAPTER  VI Nutrition အပိုင်းရဲ့ အဓိကဖြစ်စဉ်ကတော့ Photosynthesis (အလင်းမှီစု အစာဖွဲ့စည်း ခြင်း)ဖြစ်တယ်။ Autotrophic Nutrition, Role of Chlorophyll in Photosynthesis တွေကို နားလည် သိရှိရမှာဖြစ်တဲ့အပြင် (၁) Photosynthesis နဲ့ ဆက်စပ်တဲ့ The starch test,  (၂) Photosynthesis အတွက် လိုအပ်သောအခြေအ‌နေ Intake substances required for photosynthesis, (၃) Photosynthesis ဖြစ်စဉ် အနှစ်ချုပ် Summarized plant nutrition နဲ့ Mineral nutrition တွေအကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။     
သတ္တဝါတွေရဲ့ အစာစားပုံနဲ့ပတ်သက်ပြီး Animal nutrition and Diet နဲ့ Diet ညီမျှမှုမရှိရင် ဖြစ်နိုင် တဲ့ဆိုးကျိုး (Obesity and Constipation)တွေအပြင် General pattern of Animal nutrition နဲ့ Functions  of  the  digestive system  လုပ်ဆောင်မှုအဆင့်ဆင့်ကို  သိရှိထားဖို့လည်းလိုတယ်။ CHAPTER VI ကို သေချာလေ့လာဖြေဆိုခြင်းအားဖြင့် မေးခွန်းပုံစံမှ အပိုင်းလိုက်ရရှိနိုင်တဲ့အမှတ်မှာ (၂၀) မှတ်ဖြစ်ပါတယ်။
CHAPTER VII Respiration မှာ သက်ရှိဆဲလ်ထဲမှာ Glucose ပြိုကွဲမှုကြောင့် Chemical energy ဓာတုစွမ်းအင်ထွက်ရှိခြင်းကို Respiration စွမ်းအင်ထုတ်ခြင်းလို့ခေါ်တယ်။ စွမ်းအင်ထုတ်ခြင်းမှာ Aerobic respiration လေရှိစွမ်းအင်ထုတ်ခြင်းနှင့် Anaerobic respiration လေမဲ့စွမ်းအင်ထုတ်ခြင်း နှစ်မျိုးတို့ရဲ့အကြောင်းအရာများကို လေ့လာကြရမှာဖြစ်တယ်။ CHAPTER VII Respiration မှာ Aerobic respiration နဲ့ ပတ်သက်ပြီး experiment (၂) ခု နဲ့ Anaerobic respiration မှာ experiment (၁)ခုကို လေ့လာကြရမှာ ဖြစ်တယ်။ စမ်းသပ်ချက် experiment များကိုကျက်မှတ်ရာမှာ နှိုင်းယှဉ်စမ်းသပ်မှုပစ္စည်းကိရိယာများ တပ်ဆင်ပုံနဲ့တွေ့ရှိချက်တို့ကို ကွဲပြားစွာနားလည်ဖို့လိုအပ်ပါတယ်။ Gaseous exchange in mammals အပိုင်းမှာ အဆုတ်ရဲ့လုပ်ငန်းတာဝန်နှစ်ခုဖြစ်တဲ့ Inspiration နှင့် Expiration ကို နှိုင်းယှဉ်လေ့လာနိုင်တယ်။ ဒါ့အပြင် Dead spaces အကြောင်းကိုလည်း ဆက်စပ်နားလည်ဖို့လိုတယ်။ 
CHAPTER VIII Water Relation သက်ရှိများနှင့် ရေ၏နှီးနွှယ်ဆောင်ရွက်မှုအခန်းမှာ သက်ရှိများ ရှင်သန်ကြီးထွားရန် အလွန်အရေးကြီးတဲ့ ရေ၏အရေးပါမှုများကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ရေရဲ့ အသုံးဝင်အရေးပါမှုအကြောင်းရင်း (၅) ခုဖြစ်တဲ့  (1) Solvent ဖျော်ရည်၊  (2) Reactant  ဓာတ်ပြုပစ္စည်း၊ (3) Coolant အေးစေသောပစ္စည်း၊ (4) Support အထောက်အပံ့ပစ္စည်းနဲ့ (5) Lubricant ချောမွေ့စေသော ပစ္စည်းများကို နားလည်ရမှာဖြစ်ပါတယ်။ ပျံ့ရောခြင်းDiffusion, တစ်ဖက်စိမ့်ခြင်း Osmosis နဲ့စမ်းသပ်ချက် တွေကို ကွဲပြားစွာနားလည်မှသာ အပင်တွေမှာအရေးပါတဲ့ Absorption of water and mineral salts by the plants ရေနဲ့ဓာတ်ဆားများစုပ်ယူခြင်း၊ Transpiration ပင်ငွေ့ပြန်ခြင်း၊ Translocation ပျော်ဝင် ပစ္စည်းများပြောင်းရွှေ့ခြင်းတွေဟာ အပင်ဆက်လက်ရှင်သန်ဖို့ လုပ်ဆောင်နေတဲ့အကြောင်းအရာများ  ဖြစ်ကြောင်း သိရှိရမှာဖြစ်ပါတယ်။ သတ္တဝါများအသက်ရှင်ရန် ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေတဲ့ သွေး၏ဖွဲ့စည်းပုံနဲ့လုပ်ဆောင်ချက် Structure and Function of Blood Components အကြောင်းအရာ များကိုလည်း သရုပ်ဖော်ပုံများနဲ့ လေ့လာရမှာဖြစ်ပါတယ်။
CHAPTER IX Co-ordination ကတော့ သက်ရှိတွေဖြစ်တဲ့ အပင်နဲ့သတ္တဝါများသည်  အသက်ရှင် ရပ်တည်နိုင်ရန်အတွက် ပတ်ဝန်းကျင်မှလှုံ့ဆော်မှုမှန်သမျှကို တုံ့ပြန်နိုင်ခြင်းအား လေ့လာတဲ့အခန်း ဖြစ်ပါတယ်။  CHAPTER IX Co-ordination  မှာ Motion responses,  phototropism and geotropism, The eye, Summarized internal structure of the eye, Groups of muscles, Endocrine glands in mammals စတဲ့အကြောင်းအရာများကို နားလည်ဖို့လိုအပ်တယ်။                                                                                                   
CHAPTER VII, VIII, IX  အခန်း (၃) ခန်းကို   သေချာလေ့လာဖြေဆိုခြင်းအားဖြင့်   မေးခွန်းပုံစံမှ အပိုင်းလိုက်ရရှိနိုင်တဲ့အမှတ်မှာ (၂၆) မှတ်ဖြစ်ပါတယ်။
CHAPTER X reproduction ဟာ သတ္တဝါတို့ရဲ့မျိုးပွားခြင်းများကို အနှစ်ချုပ်လေ့လာတဲ့ အခန်း ဖြစ်ပါတယ်။ CHAPTER X နဲ့ပတ်သက်ပြီး Asexual reproduction in plants, Sexual reproduction in plants, Asexual reproduction in animals and Sexual reproduction in man, Comparison of eggs and sperms, Fertilization, Implantation and Gestation period စတဲ့ အကြောင်းအရာတွေကို လေ့လာကြရမှာဖြစ်ပါတယ်။ 
CHAPTER XI Inheritance မျိုးရိုးဆက်ခံခြင်းအတွက် ပြဋ္ဌာန်းစာအုပ်ပါအခန်းမှာ အပင်နဲ့ သတ္တဝါ တွေဟာ ၎င်းတို့ရဲ့သွင်ပြင်လက္ခဏာများကို (Gene) ဗီဇများမှတစ်ဆင့် နောက်မျိုးဆက်များသို့ လက်ဆင့် ကမ်းပေးတဲ့ မျိုးရိုးဆက်ခံခြင်း Inheritance အကြောင်းအရာများကို လေ့လာတဲ့အခန်းမှာ Nucleus, Genetics, (a) Homozygous genotype with diagram, (c) Heterozygous genotype with diagram, Monohybrid inheritance Single gene (Monofactorial crosses) with diagrams, Selection တွေကို သိရှိရမှာဖြစ်တယ်။
CHAPTER XII Environmental Biology ပတ်ဝန်းကျင်ဆိုင်ရာ  ဇီဝဗေဒသင်ခန်းစာမှာ သက်ရှိတွေနဲ့ ပတ်ဝန်းကျင်ဆက်စပ်မှုသဘောတရားများကို လေ့လာတဲ့အခန်းဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ် အခေါ်အဝေါ်များနဲ့ ၎င်းတို့ရဲ့ အဓိပ္ပာယ်ရှင်းလင်းချက်များကို ဦးစွာနားလည်ရန် အရေးကြီးပါတယ်။ CHAPTER XII Environmental Biology အတွက်လေ့လာရမည့် အကြောင်းအရာတွေကတော့ Environ-mental Biology, Cycles in an Ecosystem, The Water Cycle,  Nitrogen Cycle, The Carbon Cycle  တွေဖြစ်တယ်။  CHAPTER X, XI, XII အခန်း (၃)ခန်းကို  လေ့လာဖြေဆိုခြင်းအားဖြင့်  မေးခွန်းပုံစံမှ အပိုင်းလိုက်ရရှိနိုင်သော အမှတ်ကတော့ (၂၃)မှတ်ဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူများအနေနဲ့ အလွတ်ကျက်ခြင်းထက် အခြေခံအကြောင်းအရာဖြစ်စဉ်များကို သေချာစွာနားလည်သဘောပေါက်အောင်ဖတ်ရှုပြီးမှ လေ့လာကျက်မှတ်ကြမယ်ဆိုရင် ပိုမိုထိရောက် မှုရှိမှာဖြစ်တယ်။
ယခုဆက်လက်ပြီး မေးခွန်းဖြေဆိုတဲ့အခါ ထိရောက်မှုရှိအောင် ဘယ်လိုဖြေဆိုသင့်တယ်ဆိုတာ အကြံ ပြုပါမယ်။ မေးခွန်းနံပါတ် 1, 2 နှင့် 3 Objectives မေးခွန်းမျိုးကို ဖြေတဲ့အခါ ပထမဆုံး ဆင့်ပွားမေးခွန်းငယ် နံပါတ် (i မှ v) ကို ဘေးမျဉ်းအတွင်းတွင် လည်းကောင်း၊ နောက်ဆင့်ပွားမေးခွန်းငယ်နံပါတ် (vi မှ x)ကို စာမျက်နှာအလယ်မျဉ်းနှစ်ကြောင်းကြားတွင် လည်းကောင်း ရေးသားခြင်းအားဖြင့် နံပါတ်မှားတပ်ခြင်းနှင့် နံပါတ်ပိုခြင်း၊ လိုခြင်းမရှိတော့ဘဲ အမှားနည်းနိုင်ပါတယ်။ နံပါတ်ရေးချပြီးမှ Statements များကို သေချာစွာ ဖတ်ရှုပြီး မိမိအနေဖြင့် သေချာတဲ့အဖြေများကို သက်ဆိုင်ရာ နံပါတ်ဘေးမှာဖြေဆိုပါ။
မေးခွန်းနံပါတ် 4, 5  နှင့် 6 မေးခွန်းမျိုး ဖြေဆိုတဲ့အခါ မိမိအဖြေနိုင်ဆုံးအပုဒ်ကို စဖြေပါ။ ရွေးချယ်ပိုင်ခွင့် ရှိတဲ့ မေးခွန်းမျိုးဆိုရင် မိမိတကယ်တတ်ကျွမ်းတဲ့မေးခွန်းကို ရွေးချယ်ဖြေဆိုပါ။ မေးခွန်းအရွေးမမှားစေဖို့ အထူးသတိပြုကြပါ။
စာမေးပွဲဖြေတဲ့အခါ -
n    မေးခွန်းကို သေချာစွာဖတ်ပါ၊ နားလည်သဘောပေါက်အောင်ဖတ်ပြီးမှ ဖြေဆိုပါ။
n    အဖြေလွှာရဲ့ သတ်မှတ်ထားတဲ့နေရာမှာ ခုံနံပါတ်ကို မှန်အောင်တပ်ပါ။
n    အဖြေလွှာပေါ်က ညွှန်ကြားချက်များကို သေချာစွာလိုက်နာပါ။
n    ဖြေဆိုမည့်နံပါတ်များကို ဘေးမျဉ်းအတွင်း မှန်အောင်တပ်ပြီးမှ ဖြေဆိုပါ။
n    ဖြေဆိုပြီးအဖြေများ မှန်ကန်မှုရှိမရှိ ပြန်လည်စစ်ဆေးပါ။
ယခုတင်ပြခဲ့တဲ့ အကြံပြုချက်များကိုလိုက်နာပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ ဂုဏ်ထူးမှတ်များနဲ့ထူးထူးချွန်ချွန် အောင်မြင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါ တယ်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအားလုံး ထူးချွန်စွာ အောင်မြင်ကြပါစေ။