တောင်ကိုရီးယားနိုင်ငံ၌ သုံးရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၀၀၀၀၀ အောက် ကျဆင်း

 

ဆိုးလ် မတ် ၁၁   


တောင်ကိုရီးယားနိုင်ငံ၌ မတ် ၁၀ ရက် ညသန်းခေါင် အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၈၂၉၈၇  ဦး တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၅၈၂၂၆၂၆ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာ ရေးအာဏာပိုင်များက မတ် ၁၁ ရက်က  ပြောကြား လိုက်သည်။  
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယခင် ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၂၇၅၄၃ ဦး ထက် ကျဆင်းခဲ့ကြောင်းနှင့် သုံးရက်အတွင်း ကူးစက် ဖြစ်ပွားသူ ၃၀၀၀၀၀ အောက် ကျဆင်းခဲ့ကြောင်း  ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်   ကာကွယ်ရေး အေဂျင်စီ (ကေဒီစီအေ) က ထုတ်ပြန်ကြေညာလိုက် သည်။ 
မကြာသေးမီက    တိုးလာသော    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်ကူးစက်ဖြစ်ပွားမှု ကြောင့်ဖြစ်ကြောင်း သိရသည်။ 
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ များအနက် ၅၆၆၀၀ မှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၇၂၄၂၀  မှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၁၇၄၅၇ ဦးမှာ အင်ချွန်မှဖြစ်သည်။ 
မြို့တော်မဟုတ်သည့် နေရာဒေသများတွင်လည်း ကိုဗစ်-၁၉ ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားသူ ၁၃၆၄၀၃   ဦး သို့မဟုတ် ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။  ပြည်ပ ကူးစက်ဖြစ်ပွားသူ ၁၀၇ ဦးနှင့်အတူ စုစုပေါင်း ပြည်ပ ကူးစက်ဖြစ်ပွားသူအရေအတွက်   ၃၀၁၃၀  အထိ ရှိလာပြီဖြစ်သည်။ 
ကိုဗစ်-၁၉  ကူးစက်ခံထားရပြီး   စိုးရိမ်ရသော အခြေအနေခံစားနေရသူ ၁၁၁၆ ဦးရှိပြီး  ယခင်ရက် ကထက် သုံးဦး တိုးလာခဲ့သည်။ 
ကိုဗစ်-၁၉ ကြောင့် ၂၂၉  ဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်းသေဆုံးသူ ၉၈၇၅ ဦးအထိရှိလာ ခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၁၇  ရာခိုင်နှုန်းရှိသည်။ 
ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက်ကာကွယ် ဆေးထိုးမှုများ  စတင်ပြုလုပ်ခဲ့သည့်အချိန်မှစကာ ယခုအချိန်ထိ လူပေါင်း ၄၄၈၉၃၈၁၄  ဦး  စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၇ ဒသမ ၅ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီးဖြစ်သည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီး သူပေါင်း  ၄၄၄၁၄၂၁၃ ဦး   သို့မဟုတ် ၈၆ ဒသမ ၅ ရာခိုင်နှုန်းရှိပြီဖြစ်သည်။ 
ထို့အတူ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူပေါင်းမှာ   ၃၁၉၇၉၂၄၂   ဦး   သို့မဟုတ် လူဦးရေ၏ ၆၂ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

ဆင်ဟွာ