မြန်မာ့တပ်မတော် ယဉ်ကျေးမှုအနုပညာအဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

နေပြည်တော်   မတ်  ၁၁


မြန်မာတပ်မတော်နှင့်  ထိုင်းဘုရင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှုအနုပညာများ ဖလှယ်နိုင်ရန်ရည်ရွယ်၍ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၅၀  တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ   လေကြောင်းခရီးဖြင့်   နေပြည်တော်လေဆိပ်သို့ ပြန်လည်ထွက်ခွာကြရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Department of Border Affairs မှ Director  ဖြစ်သူ   Lt. Gen.  Pongtep  Gaewchaiyo  နှင့်   တာဝန်ရှိသူများ၊   ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး   သံမှူးကြီး ဦးမော်ဗလ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦးတို့က ပို့ဆောင်နှုတ်ဆက်ကြပြီး ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြရာ  နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် တာဝန်ရှိသူများက လေဆိပ်၌  ကြိုဆိုနှုတ်ဆက် ကြသည်။

 


အဆိုပါ မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Temple of the Emerald Buddha (မြဘုရား)အား သွားရောက်ဖူးမြော်ပြီး The Grand Palace (ထိုင်းဘုရင့်နန်းတော်)ကို သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်