တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပ

နေပြည်တော်    မတ်     ၁၀


တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား   ယဉ်ကျေးမှုဖလှယ်ပွဲကို    ယနေ့ မွန်းလွဲပိုင်းတွင်      ထိုင်းနိုင်ငံ      ဗန်ကောက်မြို့ရှိ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး   ကဇာတ်ရုံ၌ ကျင်းပသည်။


အဆိုပါဖျော်ဖြေပွဲသို့   ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Chalermphon Srisawadi ၊  ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး Department of Border Affairs မှ Director ဖြစ်သူ Lt. Gen. Pongtep Gaewchaiyo၊ ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် Maj. Gen. Krittaphum Luckklai နှင့် တာဝန်ရှိသူ များ၊ ထိုင်းဘုရင့်တပ်မတော်မှ အဆင့်မြင့်အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)     ဗိုလ်မှူးချုပ်ခွန်နေထွန်းဦး၊   မြန်မာ့ တပ်မတော်            ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ရဲရင့်အောင်နှင့်   နှစ်နိုင်ငံတပ်မတော် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြည့်ရှုအားပေး ကြသည်။ 


ဦးစွာ အခမ်းအနားသို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရောက်ရှိပြီး မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်တို့ကို     တွေ့ဆုံနှုတ်ဆက်ကာ   စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ      ရိုက်ကြသည်။ ထို့နောက် ကဇာတ်ရုံအတွင်း၌ နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် ထိုင်း ဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည် များ၏ နှစ်နိုင်ငံတေးသီချင်း၊ အက၊ အလှများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။


ယဉ်ကျေးမှုဖလှယ်ပွဲအပြီးတွင်   ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က       မြန်မာ့ တပ်မတော်ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း၊ မြန်မာ နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ထိုင်းဘုရင့်တပ်မတော် ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း ဂုဏ်ပြုပန်းစည်း နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ နှစ်နိုင်ငံယဉ်ကျေးမှု အဖွဲ့ဝင်များသည်   စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး    အခမ်းအနားကို    အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့်  တပ်မတော်နှစ်ရပ် အကြား      ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ယဉ်ကျေးမှုဖလှယ်ပွဲများကို  ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် မေ ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံ က အိမ်ရှင်အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံက     အိမ်ရှင်အဖြစ်လည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်သည်။         မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့အနေဖြင့် ယဉ်ကျေးမှုဖလှယ်ပွဲများ တွင် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်း နှင့် အမျိုးသားယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင် ခဲ့ပြီး   နှစ်နိုင်ငံနှင့်  နှစ်နိုင်ငံ  တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ခိုင်မာလာစေရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်