သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၂၂) (မူကြမ်း) ရေးဆွဲထားရှိမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်    မတ်    ၁၀


သဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှု တည်မြဲအမိန့် (၂၀၂၂) (မူကြမ်း)ရေးဆွဲထားရှိမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀     နာရီတွင်  နေပြည်တော်ရှိ     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


တက်ရောက်ဆွေးနွေး


အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်        ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။


အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(၁/၂၀၂၁)တွင်         ကော်မတီဥက္ကဋ္ဌ၏  လမ်းညွှန်ချက်အရ “သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု အတွက် တည်မြဲအမိန့်(၂၀၀၉)”ကို ခေတ်ကာလနှင့် လျော်ညီစွာ ပြင်ဆင်နိုင်ရေးအတွက်  Core Group ဖွဲ့စည်းပြီး       ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းကော်မတီများကို  ဦးဆောင်သည့် ဝန်ကြီး ဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသဖြင့်          သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သဘာဝ ဘေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆက်စပ်မိတ်ဖက်အဖွဲ့အစည်းများ၏ သဘောထား အကြံပြုချက်များကိုလည်း   ထည့်သွင်းရေးဆွဲရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။


ဝိုင်းဝန်းဆွေးနွေး


ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲ အမိန့် (၂၀၂၂)(မူကြမ်း)ရေးဆွဲထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့်   အမြဲတမ်းအတွင်းဝန်တို့က   ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်သည်များ၊ ပြဋ္ဌာန်းပြီးဖြစ်သည့်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများနှင့် ချိတ်ဆက်ရေးသားရမည့် အချက် များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေးကြပြီး       တက်ရောက်လာသူ များက ဆောင်ရွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်