ကိန်းဂဏန်းဆိုင်ရာ သုတေသနသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနများဆောင်ရွက်ပြီး တွေ့ရှိချက်များ၊ သုံးသပ်ချက်များကို မျှဝေခြင်းဖြင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးလာမည်

နေပြည်တော်    မတ်    ၁၀ 


ကိန်းဂဏန်းဆိုင်ရာ     သုတေသန သင်တန်းဆင်းပွဲကို  ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌     ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ 


တက်ရောက်


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမ အတွင်းဝန် မစ္စတာရှုကျင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊          နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး  အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဝင်းဇေယျာထွန်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ  ကိုယ်စား လှယ်များ၊   အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်နှင့် မန္တလာတက္ကသိုလ်တို့မှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်း သူများ၊  ဝန်ထမ်းများနှင့် ဖိတ်ကြားထား သူများက အွန်လိုင်းမှ တက်ရောက်ကြ သည်။ 


သင်တန်းဆင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ယခုသင်တန်း၌ စာရင်းအင်း ဆိုင်ရာ  အယူအဆများ၊  ကိန်းဂဏန်း ဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များနှင့် သုတေသနဆိုင်ရာ အချက်အလက်များ ကောက်ယူနိုင်မည့်  နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေးခဲ့ သည်ကို      သိရှိရကြောင်း၊      စစ်တမ်း ကောက်ယူခြင်းနှင့် သုတေသနစီမံကိန်း များ ဆောင်ရွက်ရာတွင် အဓိကကျသော အချက်များ၊ စိန်ခေါ်မှုများအား ဖြေရှင်းနိုင် မည့်   နည်းလမ်းများကိုလည်း   လေ့လာ သင်ယူခဲ့ကြပြီးဖြစ်ကြောင်း၊       ရရှိလာ သော အတွေ့အကြုံများ သင်ယူလေ့လာ ခဲ့မှုများကို အသုံးချ၍ သုတေသနလုပ်ငန်း များကို   ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်  ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ    သုတေသန များဆောင်ရွက်ပြီး     တွေ့ရှိချက်များ၊ သုံးသပ်ချက်များကို      မျှဝေခြင်းဖြင့် ခရီးသွားလုပ်ငန်း  ရေရှည်ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊         ယခုသင်တန်းသည် အစိုးရ၊    ပုဂ္ဂလိက   နှစ်ရပ်လုံးအတွက် လက်တွေ့ကျသော   ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်    ပူးပေါင်းဆောင်ရွက်မှု ကနဦးအစပင်ဖြစ်ကြောင်း၊      ခရီးသွား လုပ်ငန်းသည်  တိုင်းပြည်ဝင်ငွေရရှိရေး အတွက်  အဓိကရင်းမြစ်တစ်ခုဖြစ်ပြီး နိုင်ငံ GDP တွက်ချက်ရာတွင်  အရေးကြီး ကြောင်း။ 


ဝန်ကြီးဌာနတွင် ဆောင်ရွက်နေသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ    သုတေသန စင်တာသည်    ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသူများအတွက် ကိန်းဂဏန်း   အချက်အလက်များနှင့် အတွေ့အကြုံများဖလှယ်ရန်     အဓိက နည်းပညာဌာနတစ်ခု    ဖြစ်လာမည်ဖြစ် ကြောင်း၊       ခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းများကို စီးပွားရေးရှုထောင့်မှ ထိရောက်စွာ     အသုံးချနိုင်ရေးအတွက် Tourism  Satellite  Account    (TSA) ကို    အကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း၊ Tourism Satellite Account သည် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အရင်းအမြစ်များ စနစ်တကျသုံးစွဲရေး တို့အတွက်    အဓိကကျသော   ခရီးသွား လုပ်ငန်းဆိုင်ရာ      မူဝါဒနှင့်      စီးပွားရေး သက်ရောက်မှုများကို     သုံးသပ်ရာတွင် အထောက်အကူပြုမည်      ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍    သင်တန်းနည်းပြ ဆရာမ      ဒေါက်တာဒေါ်ခင်မျိုးဝေက သင်တန်းအပေါ်      သုံးသပ်တင်ပြပြီး သင်တန်းသားများကိုယ်စား သင်တန်း သားကိုယ်စားလှယ်တစ်ဦးက    ကျေးဇူး တင်စကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြ အား        ဂုဏ်ပြုမှတ်တမ်းပေးအပ်ပြီး သင်တန်းသားများကိုယ်စား  သင်တန်း သားကိုယ်စားလှယ်တစ်ဦးထံသို့ သင်တန်း ဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။


ကိန်းဂဏန်းဆိုင်ရာ     သုတေသန သင်တန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၁၀ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊   မြန်မာနိုင်ငံ   ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့်     တက္ကသိုလ်နှင့် ကောလိပ်များမှ    ဆရာ   ဆရာမများ အပါအဝင် သင်တန်းသား သင်တန်းသူ  ၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်