
ညောင်ရွှေ မတ် ၁၀
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးဌာန၌ ကျင်းပသည်။
အဆိုပါ လေလံတင်ရောင်းချခြင်းတွင် အရပ်ရပ်အခွင့် အရေးလိုင်စင် ၁၉ ခုအနက် ၁၆ ခုကို ကြမ်းခင်းဈေး ငွေကျပ် ၁၃၀၄၂၀၀၀၀ အပေါ်တွင် လိုင်စင်ကြေး ငွေကျပ် ၁၃၅၉၅၀၀၀၀ ဖြင့် လည်းကောင်း၊ သားသတ်လုပ်ငန်း လိုင်စင် ၂၅ ခုအနက် ၂၁ ခုကို ကြမ်းခင်းဈေး ငွေကျပ် ၉၁၁၈၀၀၀၀ အပေါ်တွင် လိုင်စင်ကြေး ငွေကျပ် ၁၉၁၅၅၀၀၀၀ ဖြင့် လည်းကောင်း ရောင်းချခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်