နေပြည်တော်ကိုယ်စားပြု Golf အသင်း အမျိုးသားအသင်းလိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆုဖလားအပ်နှံ

နေပြည်တော် မတ် ၁၀ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသင်းလိုက် တံခွန်စိုက် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့ သည့်   ပြည်ထောင်စုနယ်မြေ နေပြည်တော်ကိုယ်စားပြု Golf အသင်း အမျိုးသားအသင်း လိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန် စိုက် ဆုဖလား အပ်နှံသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဂေါက်သီးပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည် တော် ကိုယ်စားပြု ဆုတံဆိပ်များ အသီးသီး ဆွတ်ခူးပေးနိုင်ခဲ့သည့် အတွက် နေပြည်တော်အားကစား နှင့် ကာယပညာဦးစီးဌာန၊ အုပ်ချုပ်သူနှင့် အားကစားသမား များအားလုံးကို နေပြည်တော် ကောင်စီမှ အထူးပင် ဝမ်းမြောက် ဂုဏ်ယူမှတ်တမ်းတင် ဂုဏ်ပြု ပါကြောင်း၊ ဂေါက်သီးကစားခြင်း သည် စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ် ပိုင်းဆိုင်ရာ တိုးတက်ပြီး လူမှု ဆက်ဆံရေးနယ်ပယ် (မိတ္တဗလ) ပိုမိုကျယ်ပြန့်စေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခုရရှိ လာသည့် ရလဒ်များကို ထိန်းသိမ်း ပြီး ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ရာတွင် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ဆက်လက်ယှဉ်ပြိုင် ကြစေလိုကြောင်း ပြောကြား သည်။ ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်ထံ ပြည်ထောင်စု နယ်မြေ နေပြည်တော်ကိုယ်စားပြု Golf အသင်းက အမျိုးသားအသင်း လိုက် ဒုတိယဆုဖလားနှင့် အမျိုး သမီးအသင်းလိုက် တံခွန်စိုက် ဆုဖလား အပ်နှံသည်။ (ဝဲပုံ) ထို့နောက်   နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် နေပြည်တော် ကောင်စီ အဖွဲ့ဝင်များက ပြည်ထောင်စုနယ်မြေ နေပြည် တော် ကိုယ်စားပြု Golf အသင်း၊ အမျိုးသားအသင်းလိုက် ဒုတိယ ဆုဖလားနှင့် အမျိုးသမီးအသင်း လိုက် တံခွန်စိုက်ဆုဖလားရရှိခဲ့ကြ သည့် အားကစားသမားများအား ဂုဏ်ပြုဆုကြေးငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသင်းလိုက် တံခွန်စိုက် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည် တော် ကိုယ်စားပြုအသင်းက အမျိုးသမီး အကျောမဲ့အသင်း လိုက်ပြိုင်ပွဲတွင် ပထမတံခွန်စိုက် ဆု၊ အမျိုးသမီးတစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆု၊ အမျိုးသမီးတစ်ဦး ချင်း အကျောပေးပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု၊ အမျိုးသား အကျောမဲ့ အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု၊ အမျိုးသား တစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆုနှင့် တတိယ ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်