မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်အတွက် မဟာသင်္ကြန်စာနှင့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်အတွက် မူမှန်ပြက္ခဒိန်အား ရေးဆွဲအတည်ပြုကြမည်

ရန်ကုန်မြို့ မတ် ၁၀ အကြိမ် (၇၀) မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော မျက်နှာစုံညီအစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် အမှတ် (၁၃၁) ကမ္ဘာအေးစေတီလမ်း အနုပညာ အထက်တန်းကျောင်း (ကမ္ဘောဇ ရိပ်သာဝင်း) ၌ ကျင်းပသည်။ အစည်းအဝေးသို့ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညိန္ဒ၊ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာ အောင်ချစ်၊ ဒုတိယဥက္ကဋ္ဌ (၂)ဒေါက်တာပြေငြိမ်းနှင့် မြန်မာ နိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ဝင် များ တက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညိန္ဒက အဖွင့် အမှာစကား မြွက်ကြားသည်။ လက်ဆင့်ကမ်းမျှဝေ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ယနေ့ ကြွရောက်တော် မူလာကြသည့် ဥက္ကဋ္ဌဆရာတော်နှင့် တကွ ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယ ဥက္ကဋ္ဌ (၂) အပါအဝင် အဖွဲ့ဝင်ပညာရှင် ကြီးများအနေဖြင့် ယခင့်ယခင် နှစ်များနည်းတူ ရှေးနှစ်ပေါင်း များစွာကပင် ရှိပြီးဖြစ်သည့် မြန်မာ့ ပြက္ခဒိန်တွက်နည်းစနစ် များ၊ မဟာသင်္ကြန်စာ ရေးသားမှု ပညာရပ်များ တိမ်ကောပပျောက် မှုမရှိစေရေးအတွက် သာသနာ့ အကျိုး၊ နိုင်ငံနှင့် လူမျိုးအကျိုးကို ရှေးရှု၍ ထိန်းသိမ်းဆောင်ရွက် ခြင်း၊ လက်ဆင့်ကမ်း မျှဝေခြင်း များ ဆောင်ရွက်နိုင်ကြပါရန် ပန်ကြားအပ်ပါကြောင်း လျှောက် ထားသည်။ ဆွေးနွေးတင်ပြ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနု ပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က အကြိမ် (၇၀) မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေး အဖွဲ့ (မျက်နှာစုံညီ) အစည်းအဝေး ကျင်းပခြင်းနှင့်စပ်လျဉ်း၍ တင်ပြ လျှောက်ထားပြီး မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ဝင် ဆရာ ကြီးများက အထွေထွေကိစ္စရပ် များကို ဆွေးနွေးတင်ပြကြသည်။ စာတမ်းရေးသားပြုစု ဆက်လက်၍ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညိန္ဒက လိုအပ်သည်များကို ပြန်လည်မိန့်ကြားပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြား ရာတွင် အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၌ ပြက္ခဒိန်ကို ပညာရပ်တစ်ခု အနေဖြင့် တစ်နှစ်ဒီပလိုမာ သင်တန်းအဖြစ် ပို့ချနိုင်ရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ စာတမ်းဖတ်ပွဲများတွင် ပြက္ခဒိန် ပညာရပ်များအား စာတမ်း ရေးသားပြုစု၍ ထည့်သွင်း ဖတ်ကြားနိုင်ရေးနှင့် ပြက္ခဒိန် အကြံပေးအဖွဲ့ဝင် ပညာရှင်များ ၆ လလျှင် တစ်ကြိမ်တွေ့ဆုံ၍ ပညာရပ်ဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးနိုင်ရေး လျာထား ဆောင်ရွက်သွားရန် ပြောကြား သည်။ အဆိုပါ အစည်းအဝေးကို ငါးရက်ကြာ ကျင်းပမည်ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် အတွက် မဟာသင်္ကြန်စာနှင့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်အတွက် မူမှန်ပြက္ခဒိန်အား ရေးဆွဲ အတည်ပြုကြမည်ဖြစ်သည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ မရမ်း ကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာ အေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အကြီးစား ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုဏ်ဂူတော်ကြီး အတွင်း တပ်ဆင်မည့် အသံထိန်းနံရံများ ပုံစံရွေးချယ်ပေးခြင်း၊ Aircon တပ်ဆင်မည့် စနစ်ရွေးချယ်ခြင်း၊ ဓာတ်လှေကားပုံစံစနစ် ရွေးချယ် ခြင်းများ ဆောင်ရွက်ပြီး ပစ္စည်း များ အချိန်မီရောက်ရှိရေး ဆောင် ရွက်ကြရန်နှင့် ဆောင်ရွက်သည့် လုပ်ငန်းများ ခိုင်ခံ့မှုအာမခံနိုင်ရေး၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ သုံးစွဲဆောင်ရွက်ရေး စသည်တို့ကို လမ်းညွှန်မှာကြား သည်။ သတင်းစဉ်