တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပန်းခင်းစီမံချက် လျာထားချက်ပြည့်မီပြီးစီးအောင် ဆောင်ရွက်

နေပြည်တော်    မတ်    ၈ 


နောင်ကျင်းပမည့် ရွေးကောက်ပွဲများ တွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး  ကိုင်ဆောင်သင့်သည့်          ကတ်ပြား တစ်မျိုးမျိုး    ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းခင်း စီမံချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လျာထားချက်ပြည့်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးမှာကြား ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


တက်ရောက်


အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေး နှင့်         ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီ၊  ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်၍ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ က သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


အခမ်းအနားတွင်   ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်သည် ယခုအခါ  ၁၀ လကျော်ကြာရှိပြီ  ဖြစ် ကြောင်း၊ ယင်းကာလအတွင်း ပဲခူးတိုင်း ဒေသကြီး၊    ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့သည် စီမံချက်လျာထားချက် ကို တိုင်းလုံးကျွတ်ရာနှုန်းပြည့် ပြီးမြောက် အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိ ရကြောင်း၊      အခြားတိုင်းဒေသကြီး/ ပြည်နယ်များသည်   သတ်မှတ်ကာလ အတွင်း လျာထားချက်ပြည့်မီကျော်လွန် အောင် ဆောင်ရွက်နိုင်ပြီး ကန့်သတ်ချက် တချို့ကြောင့် မြို့နယ်တိုင်း၏ လျာထား ချက် ရာနှုန်းပြည့်ပြီးမြောက်ခြင်းမရှိသေး ၍ တိုင်းလုံးကျွတ်ပြီးစီးသည်ဟု မသတ် မှတ်သေးပါကြောင်း၊ စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သည့်ကန့်သတ် ချက်များရှိစေကာမူ   သတ်မှတ်ကာလ အတွင်း လျာထားချက်ပြည့်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


အခွင့်အရေးတစ်ခုဖြစ်


ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ အနာဂတ်အတွက်      အရေးကြီးသည့် စီမံချက်တစ်ခုဖြစ်သကဲ့သို့    နိုင်ငံသား တစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှု တိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသား ဆိုင်ရာ အထောက်အထားတစ်ခုရရှိနိုင် မည့်     အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် အစိုးရအဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိသည့်  လုပ်ငန်း တစ်ခုဖြစ်သော်လည်း       အကြောင်း အမျိုးမျိုးကြောင့်   မှတ်ပုံတင်မရှိသေး သူများ        ကျန်ရှိနေသေးကြောင်း၊ နိုင်ငံသားကတ်၏    အသုံးဝင်တန်ဖိုးကို သိရှိနားလည်နိုင်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က  ပြည်သူများအား  အမြဲ မပြတ်  ရှင်းလင်းချပြကြရန်  လိုအပ်ပါ ကြောင်း၊ ပြည်သူများအနေဖြင့် ခရီးသွား လာမှု၊ တည်းခိုနေထိုင်မှုများနှင့် အခြား သော နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ ဆောင်ရွက်ကြရသည့် လုပ်ငန်းများတွင် တရားဝင်ထုတ်ပေးထားသော နိုင်ငံသား ကတ်(မှတ်ပုံတင်)ကို သက်ဆိုင်ရာ တာဝန် ရှိသူများက လာမည့် ဧပြီ ၁ ရက် နံနက် ၆ နာရီမှစ၍   လိုအပ်သလို    စစ်ဆေး ဆောင်ရွက်မည့်အကြောင်း မိဘပြည်သူ များသို့ အသိပေးကြေညာခြင်းအား ပြီးခဲ့ သည့် မတ် ၅ ရက်က  နိုင်ငံပိုင်မီဒီယာ များမှတစ်ဆင့်       ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊     ယင်းထုတ်ပြန်ချက်သည် နိုင်ငံသားအားလုံး မဖြစ်မနေ နိုင်ငံသား ကတ် (မှတ်ပုံတင်)  ရရှိကိုင်ဆောင်နိုင် ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော် လည်း  ပြည်သူများအား  ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အလေးဂရုပြုဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊  မိမိဌာန ဝန်ထမ်း များသည် သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်ကြ ရမည်ဖြစ်ရာ ယင်းသို့ ဆောင်ရွက်ရာတွင် လည်း         ခရီးလမ်းပန်းနှင့် လုပ်ငန်း ဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများအား ရှင်းလင်းအသိပေး ထားကြရန်လိုကြောင်း၊ ထို့ပြင် ဌာန၏ တာဝန်ရှိသူများသည်    မိမိတို့လုပ်ငန်း ဆောင်ရွက်မှုများအပေါ် သိရှိနားလည်ပြီး ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများအား ရှင်းလင်းချပြအသိ ပေးဆောင်ရွက်ကြရန်နှင့် ဌာနမှ ဝန်ထမ်း အားလုံးကိုလည်း   သိရှိနားလည်စေရေး  အမြဲမပြတ် ထိတွေ့ရှင်းလင်းပြောကြား ကြရန်လိုကြောင်း၊ လုပ်ငန်းဆိုင်ရာ အခက် အခဲများနှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ အဆင့်ဆင့် တင်ပြဆောင်ရွက် ကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။        

     သတင်းစဉ်