ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာပေ၊ ဂီတနှင့် ရုပ်ရှင်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ရန်ကုန်   မတ်   ၆


ပြန်ကြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း သည်  မြန်မာ့စွယ်စုံကျမ်းပြန်လည်ပြုစု ထုတ်ဝေရေးအဖွဲ့၊ မြန်မာနိုင်ငံဂီတအစည်း အရုံး  ယာယီအမှုဆောင်အဖွဲ့နှင့်  မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ယာယီအမှုဆောင် အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်  ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  အစည်းအဝေးခန်းမ၌ သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။ 


နံနက်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး သည်  မြန်မာ့စွယ်စုံကျမ်းပြန်လည်ပြုစု ထုတ်ဝေရေးအဖွဲ့နှင့်   တွေ့ဆုံပြီး  မြန်မာ့ စွယ်စုံကျမ်း     အတွဲ - ၁ ၊     က ကုတ် ကို နောက်ဆုံးအခြေအနေနှင့်အညီ  ပြင်ဆင် ဆောင်ရွက်မှု၊ ပထမအကြိမ် ပုံနှိပ်ထားရှိ မှုနှင့်   ဖြန့်ချိရေးအတွက်   လျာထား ဆောင်ရွက်မှုများကို ဆွေးနွေးညှိနှိုင်းကာ လုပ်ငန်းဆိုင်ရာများ    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်


ထို့နောက်   မြန်မာနိုင်ငံဂီတအစည်း အရုံး ယာယီအမှုဆောင်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးစဉ်  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဂီတအစည်းအရုံး၏ ဦးဆောင် မှုဖြင့် ဂီတအနုပညာရှင်များ  စုစည်း၍ ဂီတလုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည် များ ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ဂီတစွမ်းအားဖြင့်  ပြည်သူကို  အလုပ် အကျွေးပြုရန်၊  တစ်နည်းအားဖြင့်  ဂီတ အနုပညာဖြင့်   ပြည်သူများ  ပြုံးပျော်ရွှင် အောင်၊ စိတ်ခွန်အားရရှိအောင် ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊         နိုင်ငံတော်       ဝန်ကြီးချုပ်အနေဖြင့်လည်း    ဂီတအနု ပညာရှင်များကို တန်ဖိုးထားပြီး  ကျန်းမာ ရေးကိစ္စမှစ၍ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးရန်     မှာကြားထား ကြောင်း၊    ဂီတအစည်းအရုံးအနေဖြင့် လက်တွေ့ကျသော   လုပ်ငန်းစဉ်များကို ဝိုင်းဝန်း   ဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။


ဆွေးနွေးတင်ပြ


ဆက်လက်၍     မြန်မာနိုင်ငံ   ဂီတ အစည်းအရုံး    ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများက ဂီတအစည်းအရုံးကို   မြို့နယ်အဆင့်ထိ ဖွဲ့စည်းမှုများ စိစစ်ဆောင်ရွက်နေမှု၊ ဂီတ လောကသားများအတွက်     သက်သာ ချောင်ချိရေးဆောင်ရွက်ပေးမှု၊  မြန်မာ နိုင်ငံ    ဂီတအစည်းအရုံးအစီအစဉ်ဖြင့် ဖျော်ဖြေပွဲများ ကျင်းပရန် စီစဉ်ဆောင်ရွက် နေမှု၊ ပြန်လည်ကျင်းပမည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး အနေဖြင့်  အကဲဖြတ်ဒိုင်အဖွဲ့နှင့် ပြဋ္ဌာန်း တေးသီချင်းကိစ္စရပ်များတွင်     ထိထိ ရောက်ရောက်ပါဝင်ဆောင်ရွက်ရန် ပြင်ဆင် ထားမှုနှင့် သီးခြားဆောင်ရွက်ပေးစေလိုသည်များကို        ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။


မွန်းလွဲပိုင်းတွင်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး  ယာယီအမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ်  ပြည်ထောင်စုဝန်ကြီး က မကြာခင်ကာလတွင် ရုပ်ရှင်အနုပညာ နှင့်  ပတ်သက်သည့်   လုပ်ငန်းများကို ပြန်လည်စတင်ရန်  စီစဉ်နေပြီဖြစ်သဖြင့် မင်္ဂလာရှိသည့်အချိန်     ဖြစ်ကြောင်း၊ ယနေ့ဖြစ်ပေါ်နေသည့် အခြေအနေဖြစ်ရပ် များကို  ကျော်လွားနိုင်ရန်  အစိုးရတစ်ခု တည်းဆောင်ရွက်ခြင်းထက်   ပြည်သူ များပါဝင်ပါက    ပိုမိုအောင်မြင်မည်ဖြစ် ကြောင်း၊ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်း အကျင်းများနှင့်   အခြေအနေများကို ပြည်သူများ     မှန်ကန်စွာသုံးသပ်နိုင်ရန် လိုအပ်ကြောင်း၊    ပြည်သူများ၏   စိတ် ပျော်ရွှင်ချမ်းမြေ့မှုကို    ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်သည့်အရာမှာ အနုပညာပင် ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော် အစိုးရက    အနုပညာဗဟိုဌာန(Art Centre) ကြီးများကို  တည်ဆောက်ပြီးစီး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် စာပေနှင့်ပတ်သက်၍ စာဆိုဗိမာန် ကိုလည်း  တည်ဆောက်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်      ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အနုပညာနှင့် ပတ်သက်၍ လည်းကောင်း၊ အနုပညာရှင် များနှင့်ပတ်သက်၍      လည်းကောင်း အလေးထားသည်ကို   အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါတွင် ရပ်နားထားသည့် အနုပညာလုပ်ငန်းများ ကို    ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်ရန်နှင့် ရုပ်ရှင်ရုံများ  ပြန်လည်ဖွင့်လှစ်ပြသနိုင် ရေးအတွက် လက်တွေ့ကျကျ လုပ်ဆောင် ကြရန် လိုအပ်ကြောင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့်  လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး  ယာယီအမှုဆောင်အဖွဲ့       ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်  အဖွဲ့ဝင်များ၊  ဌာန ဆိုင်ရာတာဝန်ရှိသူများက  ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့်    ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများ  တရားမဝင်ခိုးယူပြသမှု များ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ    ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။  


သတင်းစဉ်