
နေပြည်တော် မတ် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ကလေးမြို့ရှိ စုပေါင်းရုံးခန်းမ၌ ကလေးခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
အမှာစကားပြောကြား
အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက နယ်မြေဒေသ အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများကို စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာများ ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးတို့က လက်ခံ ရယူသည်။
ယင်းနောက် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ဝင်များသည် ကလေး မြို့ရှိ နယ်မြေခံတပ်နယ်သို့ သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား တွေ့ဆုံကာ လိုအပ်သည် များကို မှာကြားခဲ့ပြီး အားကစားပစ္စည်းများနှင့် စားသောက်ဖွယ် ရာများကို ပေးအပ်သည်။
တွေ့ဆုံ
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုး ရေးကဏ္ဍ ဆောင်ရွက်ထားရှိမှု၊ မွေးမြူရေးကဏ္ဍ ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အခြေ အနေများနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်ထားရှိမှု၊ အခြေခံပညာကျောင်းများ ဖွင့်လှစ် ဆောင်ရွက်ထားရှိမှု၊ ပန်းခင်း စီမံချက် ဆောင်ရွက်ထားရှိမှု နှင့် တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တင်ပြ ချက်များအပေါ် လိုအပ်သည် များကို ညှိနှိုင်းဆောင်ရွက်ပေး သည်။ ထို့နောက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ဌာနဆိုင်ရာများ ကိုယ်စား တာဝန်ရှိသူများကို လက်ဆောင်ပစ္စည်များ ပေးအပ် ခဲ့ပြီး ချင်းတွင်းရိပ်သာ(၁)၌ မုံရွာမြို့ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကာ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်