တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   မတ်    ၆


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါ အဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား အကျဉ်း သူများ၊ မသန်စွမ်းသူများ၊  တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်  ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊  ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်း ရှိ ပြည်သူများ၊   အသက် ၁၂ နှစ် အထက်  အခြေခံပညာအလယ် တန်းနှင့်  အထက်တန်းအဆင့် ကျောင်းသား    ကျောင်းသူများ စသည့်ဦးတည်အုပ်စုများ သတ် မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက    ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင်  ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် ၌   ဒေသခံပြည်သူ   ၉၈၆၅   ဦး၊ ရခိုင်ပြည်နယ်   ကျောက်တော် မြို့နယ်နှင့် တောင်ကုတ်မြို့နယ် တို့၌ ဒေသခံပြည်သူ ၁၁၂၀ နှင့် ပဲခူးတိုင်းဒေသကြီး  ထန်းတပင် မြို့နယ်၌   ဒေသခံပြည်သူ   ၁၃၀ တို့ကို တပ်မတော်မှ  ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး   ထိုးနှံ ပေးသည်။

 


ထိုသို့    ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန် ရှိသူများက  သွားရောက်ကြည့်ရှု အားပေးပြီး    လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်