
အစ္စလမ္မာဘတ် မတ် ၅
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါတွင် ဘာသာရေးအဆောက်အအုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲ မှုကြောင့် ၅၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်ဟု ဆေးရုံမှ အရာရှိများက အင်န်အိတ်ချ်ကေသို့ ပြောသည်။ သောကြာနေ့ဝတ်ပြုသူများနှင့် စည်ကားနေသည့် မွန်းလွဲ ၁ နာရီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဘာသာ ရေးအဆောက်အအုံမှာ ပက်ရှ်ဝါမြို့ အလယ်တွင်ရှိသည်ဟု သိရသည်။ လူ နှစ်ဦးမှာ ရဲများနှင့် အပြန်အလှန်ပစ်ခတ် မှု ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းမီဒီယာ များတွင် ဖော်ပြကြသည်။ ၎င်းတို့နှစ်ဦး အနက်တစ်ဦးမှာ အသေခံဖောက်ခွဲမှု မပြုလုပ်မီ ရဲများနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
အဆိုပါဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သည့်အုပ်စု၏ လက်ချက်ဖြစ်သည် ကို မသိရသေးချေ။ အာဏာပိုင်များက အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများပြုလုပ်နေပြီး အိုင်အက်စ်အကြမ်းဖက်သမား၏လက်ချက်ဟု စုံစမ်း နေကြသည်။ အိမ်နီးချင်း အာဖဂန်နစ္စတန် နိုင်ငံတွင် အခြေအနေများ မတည်မငြိမ် ဖြစ်ပေါ်နေသည့်အတွက် ပါကစ္စတန်တွင် လည်း လုံခြုံရေးထိခိုက်လာမည်ကို စိုးရိမ် နေကြသည်။
အင်န်အိတ်ချ်ကေ