
နေပြည်တော် မတ် ၅
စာရေးဆရာမ မြကြာငုံ၏ ဆည်းလည်း သံနှင့် ရသစုံဝတ္ထုများ စာအုပ်ထွက်ရှိ နေပြီဖြစ်သည်။
စာရေးသူ၏ ရင်ထဲမှာ ဖြစ်ပေါ်ခံစား ရသည့် အကြောင်းအရာများ၊ အတွေး အမြင်များကို စကားလုံးများအဖြစ် ပုံဖော်ကာ ရသစုံဝတ္ထုများအဖြစ် ရေးဖွဲ့ ထားသည်။ လူ့လောကပတ်ဝန်းကျင်၌ တွေ့မြင်ရသည့် ဇာတ်ရုပ်အမျိုးမျိုး၊ ဘဝ အမျိုးမျိုးနှင့် အပွင့်မရှိဘဲ ပန်းလို့ အမည် တပ်ထားသည့် သပြေ၊ ရွက်လှပန်း တို့ကို စိတ်သန္တာန်၌ ခံစားတွေးမိသည့် အတိုင်း ရေးဖွဲ့ထားသည့်ဝတ္ထုများ ပါရှိ ပါသည်။
ငယ်ငယ်တုန်းက... မြနှင်းဆီ၊ ဖုန်းဖုန်း၊ ဆတ်ဆတ်ကြဲ၊ ပွင့်တူရွက်တူ၊ အင်တာနေရှင်နယ်စတိုင်၊ ဆည်းလည်း သံနှင့် နယ်သာလန်ကို... လိုက်ကြ မလား...ဆို.. စသည့် ဝတ္ထုကောင်း ခုနစ်ပုဒ်ကို ရသအမျိုးမျိုးဖြင့် ဖတ်ရှု ရမည်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရွှေသစ္စာဦးစာပေ က ထုတ်ဝေထားပြီး ရွှေသစ္စာစာပေ ဖုန်း ၀၉၅၃၆၀၇၃၆၊ လင်းရောင်သစ်စာပေ ဖုန်း ၀၉၇၇၇၅၃၉၉၉၅၊ ၀၉၄၂၅၁၅၀၀၅၀၊ မန္တလေး- ထွန်းဦးစာပေ၊ နဂါးစာပေ၊ အင်းဝစာပေ၊ မော်လမြိုင်- ကျော်ကျော် စာပေ၊ ရန်ကုန်- နေဆေးစာပေ၊ စောဦး စာပေ၊ ကိုလတ်စာပေ၊ ပါရမီစာပေ၊ အာရုံဦးစာပေ၊ စာပေနန်းတော်၊ ပန်းဆိုးတန်း- အင်းဝ၊ စာပေလောက၊ ရာပြည့်၊ Book Tree၊ လှည်းတန်း- စာပေလောက၊ ရာပြည့်၊ အင်းဝ၊ရန်ကင်း- Book Street စာပေတိုက်များမှ ဖြန့်ချိ ထားရာ စာပေချစ်သူများ ဝယ်ယူရရှိ နိုင်ပြီး စာအုပ်တန်ဖိုးငွေကျပ် ၅၀၀၀ ဖြစ်သည်။
မြန်မာ့အလင်း