
နေပြည်တော် မတ် ၄
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မတ် ၃ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၂၆၆၆ ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ဒေသခံပြည်သူ ၇၇၀၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၃၂၉၀၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်၌ ဒေသခံ ပြည်သူ ၆၆၄ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၂၂၀၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၉၂၇၂ ဦး၊ ရခိုင်ပြည်နယ်အတွင်း ရှိ မြို့နယ်ခြောက်မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၂၉၅ ဦးနှင့် ပဲခူး တိုင်းဒေသကြီး အုတ်တွင်းမြို့နယ် နှင့် ထန်းတပင်မြို့နယ်၌ ဒေသခံ ပြည်သူ ၁၁၈၀ တို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား ကျောင်း သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ မတ် ၃ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့နှင့် မူဆယ်မြို့တို့၌ ကျောင်းသား ကျောင်းသူ ၁၈၃ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၀၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများ ကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်