လူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင်ရာတွင် ဆရာ ဆရာမများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီး

 

မန္တလေး  မတ်  ၄


မန္တလေးပညာရေး ဒီဂရီကောလိပ် ၂၀၂၁-၂၀၂၂     ပညာသင်နှစ် လုပ်ငန်းခွင်အကြို   မူလတန်း ဆရာအတတ်ပညာ   သင်တန်း အမှတ်စဉ်(၇/၂၀၂၀)  သင်တန်း ပြီးမြောက်ကြောင်း    လက်မှတ် ပေးအပ်ခြင်း     အခမ်းအနားကို ယနေ့နံနက်ပိုင်းက      အဆိုပါ ကောလိပ်ရှိ    ပညာတန်ဆောင် ခန်းမတွင်  ကျင်းပသည်။

 


အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး     ဝန်ကြီးများ၊ တိုင်းပညာရေးမှူး၊   ကျောင်းအုပ် ဆရာမကြီး၊  ဆရာ ဆရာမများနှင့်     သင်တန်းသူ   သင်တန်းသားများ တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က နိုင်ငံတော်  စီမံအုပ်ချုပ်ရေး   ကောင်စီသည် တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင် ရေးနှင့်    ပညာရည်မြင့်မားရေး အတွက်   ဆောင်ရွက်လျက်ရှိပါ ကြောင်း၊  အမှန်ကို ထိုးထွင်းပိုင်နိုင် သိသည့်ပညာနှင့် မှတ်သားသည့် အတိုင်း     သိသည့်သင်ညာတို့ ပေါင်းစပ်ပြီး  အတိတ်၊  ပစ္စုပ္ပန်၊ အနာဂတ်ကို တွေးတောဆင်ခြင် ကာ    လုပ်နိုင်စွမ်းရှိရမည်ဖြစ် ကြောင်း၊    သက်ဆိုင်ရာ   ဒေသ ကျောင်းများသို့    ရောက်ရှိစဉ် ကျောင်းသား ကျောင်းသူများကို စေတနာထား   သင်ကြားပေးရန် လိုကြောင်း၊   မိမိတို့   သင်ကြား တတ်မြောက်ထားသည့်   ပညာ၊ အတွေ့အကြုံများနှင့် ပေါင်းစပ်၍ ကျောင်းသား     ကျောင်းသူများ ကို   စဉ်းစားတွေးခေါ်တတ်ရန်၊ ပြဿနာဖြေရှင်းတတ်ရန်၊ အခက် အခဲများ ရင်ဆိုင်ကျော်လွှားတတ် ရန် သင်ရိုးညွှန်းတမ်း မူမပျက်ဘဲ ဟန်ချက်ညီညီ သင်ကြားပေးရန် လိုကြောင်း၊         အနာဂတ်ကို တည်ဆောက်နိုင်စွမ်း    ရှိသော လူငယ်လူရွယ်များကို လေ့ကျင့် ပျိုးထောင်ရာတွင် ဆရာ ဆရာမ များ၏   အခန်းကဏ္ဍမှာ  အလွန် အရေးကြီးပါကြောင်း၊      မိမိ ကိုယ်တိုင်ကလည်း       တိုးတက် ပြောင်းလဲနေသည့်  ပညာရပ်များ ကို    လေ့လာမှတ်သားကာ   မိမိ ရည်မှန်းချက်ပန်းတိုင်     ရောက် အောင်           အမြဲကြိုးစားနေ ရမည်ဖြစ်ကြောင်း    ပြောကြား သည်။

 


ထို့နောက် မန္တလေးပညာရေး ဒီဂရီကောလိပ်       ကျောင်းအုပ် ဆရာမကြီး    ဒေါ်မိုးမိုးကြည်က   သင်တန်းဆင်း     အမှာစကား ပြောကြားပြီး     တိုင်းဒေသကြီး ဝန်ကြီးချုပ်က   သင်တန်းဆင်း ဆရာ         ဆရာမများအတွက် ဂုဏ်ပြုငွေကျပ်     ၅၆   သိန်း ပေးအပ်ချီးမြှင့်သည်။

 


ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးမောင်ကိုနှင့် တာဝန်ရှိသူများသည်     သင်တန်း ဆင်း   ဆရာ   ဆရာမများကို သင်တန်း     ပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်သည်။

 


အလားတူ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်တွင်   လုပ်ငန်းခွင် အကြို မူလတန်းဆရာ အတတ် ပညာသင်တန်း      အမှတ်စဉ် (၇/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်း အနားကို    ယနေ့နံနက်ပိုင်းက အဆိုပါ ကောလိပ်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး   လူမှု ရေးရာဝန်ကြီး    ဦးယဉ်ထွေး  တက်ရောက်        ဂုဏ်ပြုစကား ပြောကြားပြီး      သင်တန်းသား သင်တန်းသူ၊  ဆရာ   ဆရာမများ ကို   သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။             


   သတင်းစဉ်