ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်   မတ်   ၄


ဆေးပညာဘွဲ့ရ     ဆရာဝန် (အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်  (အမျိုး သမီး)     ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆)    သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်း တွင်     ရန်ကုန်တိုင်းဒေသကြီး မှော်ဘီတပ်နယ်ရှိ    တပ်မတော် (ကြည်း)  ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌   ကျင်းပရာ   ကာကွယ် ရေးဦးစီးချုပ်ရုံး   (ကြည်း)     မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး လင်းအောင်၊    ရန်ကုန်တိုင်း ဒေသကြီး   စစ်ဌာနချုပ်   တိုင်းမှူး    ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊    ကျောင်း အုပ်ကြီး  ဗိုလ်မှူးချုပ်  မင်းမင်းစိုး နှင့်    တပ်နယ်မှ        အရာရှိကြီးများ၊ သင်တန်းဆင်း    ဗိုလ်လောင်းများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ  ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က      သင်တန်းဆင်း ဗိုလ်လောင်းများကို    ပြန်တမ်းဝင် အရာရှိ ခန့်အပ်လွှာများ ပေးအပ် ၍  အမှာစကားပြောကြားသည်။    အခမ်းအနားအပြီးတွင် စစ်ရာထူး ခန့်ချုပ်နှင့်  တာဝန်ရှိသူများသည်   သင်တန်းဆင်း     အရာရှိများနှင့်  မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

 


ဆေးပညာဘွဲ့ရ       ဆရာဝန် (အမျိုးသမီး) နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်   (အမျိုး သမီး)  ဗိုလ်လောင်းသင်တန်းအား အမှတ်စဉ်(၁)မှ   (၆) အထိ   အမျိုး သမီး   ပြန်တမ်းဝင်အရာရှိ ၉၀ ကို သင်တန်းဆင်းပေးခဲ့ပြီး   ဆေးမှူး ပြန်တမ်းဝင်     အရာရှိများအဖြစ် ယခုအခါ   တပ်မတော်ဆေးရုံများ တွင် တာဝန်အသီးသီး ထမ်းဆောင် လျက်ရှိကြောင်း      သတင်းရရှိ သည်။         

သတင်းစဉ်