ပခုက္ကူမြို့၌ ကမ်းပြိုကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံတည်ဆောက်မှုပြီးစီး

 

ပခုက္ကူ   မတ်   ၃


ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက် ရွှေချောင်းတံတား    အနီးတွင် ရွှေချောင်းရေကြီးပြီး    ကမ်းပါး ပြိုကျမှု အန္တရာယ်မှ ကင်းဝေးစေ ရေးအတွက်    ကာကွယ်နိုင်ရေး အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်        မကွေးတိုင်းဒေသကြီး  ရေအရင်း အမြစ်နှင့်   မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြု ရန်ပုံငွေဖြင့် ကျောက်စီမြေထိန်း နံရံ   တည်ဆောက်ပေးလျက်ရှိရာ ယခုအခါ    ရာနှုန်းပြည့်   တည် ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 

 


ပခုက္ကူမြို့  အမှတ်    (၁)ရပ်ကွက်သည် ဧရာဝတီမြစ်ကြီး အတွင်း     ဝင်ရောက်စီးဆင်းသော  ရွှေချောင်းအတွင်း     တည်ရှိပြီး ရွှေချောင်းတံတားလည်း    တည် ဆောက်ထားရှိကြောင်း၊     အဆိုပါ ရပ်ကွက်နေ       ပြည်သူများမှာ မိုးရာသီကာလများတွင်       ရွှေ ချောင်း     ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုပြီး      လူနေအိမ် ပြောင်းရွှေ့ရသည့် အန္တရာယ်များ နှစ်စဉ်     ကြုံတွေ့နေရကြောင်း၊ အဆိုပါ သဘာဝဘေးအန္တရာယ် တို့မှ     ကင်းဝေးစေရေးအတွက် ရပ်ကွက်နေ     ပြည်သူများက ကမ်းပြိုကာကွယ်ရေး    လုပ်ငန်း အကောင်အထည်ဖော်     ဆောင် ရွက်ပေးနိုင်ရေး တင်ပြတောင်းခံ ခဲ့သဖြင့်    မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်   မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က    ၂၀၂၁-၂၀၂၂၊    ဘဏ္ဍာနှစ်  ခွင့်ပြုရန်ပုံငွေကျပ် ၂၈၅ သန်းဖြင့် တင်ဒါအောင်မြင်သော      ဂုဏ် ရောင်ထွန်း ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လုပ်ကိုင်ရန်     ခွင့်ပြု ချထားပေးခဲ့ကြောင်း၊    အဆိုပါ ကုမ္ပဏီက  ဇန်နဝါရီ  ၁  ရက်မှ စတင်၍     အလျားပေ      ၆၅၀   အရှည်ရှိ ကွန်ကရစ်ပိုင်းအခြေပြု ကျောက်စီမြေထိန်းနံရံ   ကမ်းပြို ကာကွယ်ရေးလုပ်ငန်းကို တာဝန် ယူ အကောင်အထည်ဖော် တည် ဆောက်ခဲ့ရာ   ယခုအခါရာနှုန်း ပြည့် တည်ဆောက်ပြီးစီးနေဖြစ် ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ 


ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)