မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဒသမအကြိမ် နှစ်ပတ်လည် အထွေထွေမျက်နှာစုံညီ အစည်းအဝေးကျင်းပ

 

နေပြည်တော်  မတ်    ၃


ဒသမအကြိမ်မြောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

 


လိုင်စင်များခွင့်ပြုထား


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏       ကျန်းမာရေး   စောင့်ရှောက်မှုစနစ်တွင်     အစိတ် အပိုင်းတစ်ရပ်အဖြစ် ပါဝင်သော ပုဂ္ဂလိကကျန်းမာ ရေး လုပ်ငန်းများအသင်း၏ တစ်နှစ်တွင် တစ်ကြိမ် သာ  ကျင်းပသော   နှစ်ပတ်လည်  အစည်းအဝေး ဖြစ်ပါကြောင်း၊       ကျန်းမာရေးဝန်ကြီးဌာနသည်            ပုဂ္ဂလိက  ကျန်းမာရေးလုပ်ငန်းဆိုင်ရာ   ဥပဒေအား     (၅-၄-၂၀၀၇)    ရက်နေ့တွင်     ပြဋ္ဌာန်းခဲ့ပြီးနောက် ပုဂ္ဂလိက   ကျန်းမာရေးလုပ်ငန်းဆိုင်ရာ    ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းဆိုင်ရာ       နည်းဥပဒေများကိုလည်း  ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာ ရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ ပုဂ္ဂလိကကျန်းမာ ရေး    လုပ်ငန်းများ       တိုးတက်ဖြစ်ထွန်းစေရန်၊ အမျိုးသား    ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင်     အစိတ်အပိုင်းတစ်ရပ်အဖြစ် စနစ်တကျ ပါဝင်ဆောင် ရွက်နိုင်စေရန်၊    ပြည်သူများအား   ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းအား အရင်းအမြစ်များကို ထိရောက်စွာ  အသုံးပြုနိုင်စေရန်၊  ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ  တည်ထောင် ဖွင့်လှစ်ခြင်းအားဖြင့် ပြည်သူများက မိမိတို့၏ကျန်းမာ ရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် စိတ်ကြိုက်ရွေးချယ်ခွင့် ရရှိစေရန်နှင့် ပြည်သူများ အတွက် မျှတသောစရိတ်ဖြင့် အရည်အသွေး မြင့်မား သည့်     ဝန်ဆောင်မှုပေးနိုင်စေရန်နှင့်     တာဝန်ခံမှု ရှိစေရန်တို့အတွက်  ထိန်းကျောင်းကြပ်မတ် ဆောင် ရွက်လျက်ရှိပါကြောင်း၊   ပုဂ္ဂလိက   ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ စိစစ်ပြီး ကိုက်ညီမှုရှိသော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို လိုင်စင်ထုတ်ပေးလျက် ရှိရာ  ပုဂ္ဂလိကဆေးရုံ   ၂၅၉   ရုံအား လုပ်ငန်း လိုင်စင်များ ခွင့်ပြုထားရှိပြီး ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉  ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းနှင့်    စတုတ္ထလှိုင်းတို့တွင် ပုဂ္ဂလိက ကဏ္ဍမှ ကျန်းမာရေး ဝန်ကြီးဌာနနှင့်လက်တွဲပြီး လိုအပ်သည့် ဆေးဘက် ဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ လူအင်အားများကို ကူညီပံ့ပိုးပေးခဲ့သည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြု ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပုဂ္ဂလိက ကျန်းမာရေး    လုပ်ငန်းများ    သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ  အရည်အသွေးပြည့်ပြီး  ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် ကျန်းမာ ရေး စောင့်ရှောက်မှုများပေးနိုင်ရေး စစ်ဆေးခြင်းနှင့်  ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိသဖြင့် တိုင်းဒေသကြီး/ပြည်နယ်   ပုဂ္ဂလိက   ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ  အဆင့်ဆင့်အနေဖြင့်  အခါ အားလျော်စွာ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြဋ္ဌာန်းထားသောဥပဒေ၊  နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ စီမံခန့်ခွဲရေး  နည်းလမ်းအရ       အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 


ဓာတ်ခွဲခန်းများ ၃၉ ခုရှိ


ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးလုပ်ငန်း၊ ကာကွယ် ကုသရေးလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေ ရန်အတွက်  ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေး  ဓာတ်ခွဲခန်းများတွင်   ကိုဗစ်-၁၉   Test  &  Care ၊  ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးလုပ်ငန်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ      ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များနှင့်အညီ    စိစစ်ခွင့်ပြုလျက် ရှိရာ ကိုဗစ်-၁၉ Test & Care အတွက် ပုဂ္ဂလိကဆေးရုံ နှင့် ရောဂါရှာဖွေရေး  ဓာတ်ခွဲခန်းများ  ၃၉ ခုရှိပြီး  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင် ရွက်ရန်   ပုဂ္ဂလိက  ဆေးရုံ/ဆေးခန်း  ၃၆  ခုကို  ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက  ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအား ဆောင်ရွက် လျက်ရှိရာ         ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကျန်းမာ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ကူညီ    ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး          မြန်မာနိုင်ငံ  ပုဂ္ဂလိကဆေးရုံများအသင်း       အနေဖြင့်လည်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၏ အရည်အသွေး    ထိန်းသိမ်းမြှင့်တင်ခြင်းနှင့်   ပြည်သူများ အတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးပြည့်  ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည်ကို ယုံကြည်ပါကြောင်း ပြောကြားသည်။ 

 


ရွေးချယ်တင်မြှောက်


ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပ ရာ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း အထက် မြန်မာပြည်  ဥက္ကဋ္ဌနှင့် အောက်မြန်မာပြည် ဥက္ကဋ္ဌ တို့မှ ၂၀၂၁ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာများကို    တင်သွင်းဖတ်ကြားကြပြီး  (၂၀၂၂-၂၀၂၄) ခုနှစ် သက်တမ်းအတွက် အသင်း၏ အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်နှင့် ဥက္ကဋ္ဌအသစ်အား ရွေးချယ် တင်မြှောက်ခဲ့ကြကြောင်း သိရသည်။    

သတင်းစဉ်