
ပုသိမ် မတ် ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပုသိမ်မြို့ သူနာပြုသင်တန်းကျောင်း သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီလနောက်ဆုံးပတ်က ကျင်းပသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သစ်လွင်သူနာပြုများသည် တိုင်းဒေသကြီးအတွက် အားထားရသည့် သူနာပြု ဆရာ ဆရာမများဖြစ်ပြီး နိုင်ငံအတွက် အားကိုးအားထားရသည့် ကျန်းမာရေး ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက် မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း၊ သူနာပြု-သားဖွားများသည် ပင်ကိုသဘာဝ စိတ်ရောကိုယ်ပါ ဖြူစင်သူများ၊ နူးညံ့သိမ်မွေ့သူများ၊ ယဉ်ကျေးပျူငှာ သူများဖြစ်ကြသည့်အတွက် မလိုလားအပ်သူတို့၏အရောင်ဆိုးမှုကိုခံရတတ်၍ ဂါရဝတရား၊ နိဝါတ တရားများ မပျက်ပြားလေအောင် ဆရာသမားများ၊ အကြီးအကဲများ၊ သူနာပြုနှင့် သားဖွားတာဝန်ရှိသူ များက သတိရှိရှိဖြင့် ထိန်းသိမ်းကြပ်မတ်ပေးခြင်းကို နာခံရန်လိုအပ်ပါကြောင်း၊ သူနာပြု - သားဖွားများ ကလည်း ပြည်သူ့နီတိကျင့်စဉ်များကို မမေ့မလျော့ အသိရှိရှိဖြင့် ကျင့်သုံးလိုက်နာနေထိုင်ကြပြီး တာဝန် ကျရာဒေသများတွင်လည်း မိမိတို့၏တာဝန်ဝတ္တရား များကို ကျေပွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်လွင် သူနာပြု ၃၇ ဦးအား ခန့်အပ်လွှာများနှင့် ချီးမြှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးနောက် သစ်လွင် သူနာပြုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြ ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)