ပွင့်ဖြူမြို့နယ်ရှိ နွေသီးနှံစိုက်တောင်သူများ သီးနှံအချိန်မီစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေ စတင်ဖြန့်ဝေ

 

ပွင့်ဖြူ   မတ်    ၂
မကွေးတိုင်းဒေသကြီး    ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင် ရေးအတွက် မတ် ၁ ရက်  နံနက်ပိုင်းကစတင်ပြီး ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး တို့မှတစ်ဆင့် စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ 
ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်    မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ  ရာသီအလိုက် သီးနှံများအချိန် မီ  စိုက်ပျိုးနိုင်ရန် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည် ရေများကို ဖြန့်ဝေပေးလျက်ရှိရာ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း  မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ  သီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလနောက်ဆုံးပတ်က စတင်၍ စိုက်ပျိုးရေ ဖြန့်ဝေဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း    ပွင့်ဖြူ မြို့နယ်ဆည်မြောင်းနှင့်    ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ   ဦးရဲထွဋ်အောင်ထံမှ   သိရ သည်။ 
“ကျွန်တော်တို့   မြို့နယ်ဆည်မြောင်းနှင့်   ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တောင်သူများ ရာသီအလိုက် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ဖြန့်ဝေ ပေးလျက်ရှိပါတယ်။ ဒီနှစ်မှာတော့ ဆည်ရေနည်းတဲ့ အတွက်   နွေနှမ်းနဲ့    အခြားနွေသီးနှံအတွက်ကိုပဲ  စိုက်ပျိုးရေဖြန့်ဝေပေးတာဖြစ်ပါတယ်။ ဒီနေ့ မနက် ပိုင်းကစပြီးတော့ ဒေသတွင်းရှိ တောင်သူတွေ နွေနှမ်း နဲ့ အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေစတင်ဖြန့်ဝေပေးနေပြီ ဖြစ်ပါတယ်။ ဆည် ရေနည်းတဲ့အတွက် စိုက်ပျိုးရေဖြန့်ဝေမှုကို မတ် ၁ ရက်ကစပြီး ၃၁ ရက်အထိ တစ်လကြာ ဖြန့်ဝေ ပေးသွားမှာဖြစ်ပြီး  ဒေသခံတောင်သူတွေကိုလည်း ဆည်ရေလေလွင့်ဆုံးရှုံးမှု မရှိအောင် စနစ်တကျ အကျိုးရှိရှိ ရယူသုံးစွဲကြဖို့ အသိပေးနှိုးဆော်ထားပါ တယ်” ဟု အဆိုပါ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ    ဦးစီးအရာရှိက ပြော သည်။ 
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၆၀၄၂၈ ဧက၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အိုင်းမ ရေလွှဲဆည်ရေဖြင့် ဧက ၅၀၀  စုစုပေါင်း နွေနှမ်း စိုက်ပျိုးဧက ၆၀၉၂၈ ဧက    လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နွေသီးနှံစိုက်ပျိုးမှုစာရင်း များအရ သိရသည်။
                                         

ဝင်းနိုင် 
(ညောင်ဦး)