အနုပညာရှင်အချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

 

နေပြည်တော်   မတ်   ၂  


နိုင်ငံတော်၏  တည်ဆဲဥပဒေများကို   ကျူးလွန်ဖောက်ဖျက်မှု ကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အနုပညာရှင်များဖြစ်သည့် ပိုင်တံခွန်(သရုပ်ဆောင်)၊      လူမင်း(သရုပ်ဆောင်)၊     ပြေတီဦး (သရုပ်ဆောင်)၊ အိန္ဒြာကျော်ဇင်(သရုပ်ဆောင်)တို့အား အနုပညာ ဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင် စေရေးအတွက် ၎င်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ဝင်းမင်းသန်း(Beauty Blogger)အား    ၎င်းကျခံလျက်ရှိသည့်    ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် ဒါရိုက်တာ ဝိုင်း အပေါ် အရေးယူ ထားသည့်ပြစ်မှုအား   ပိတ်သိမ်းပေးခဲ့ကြောင်း  သက်ဆိုင်ရာမှ သတင်းရရှိသည်။                                                  

သတင်းစဉ်