
နေပြည်တော် မတ် ၂
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ်(၅၆)ကို မတ် ၄ ရက်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့် မည် ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို သရုပ်ဆောင် ကျော်ကျော်နှင့် ဆုမြတ်နိုးဦးတို့က တင်ဆက်ကြ မည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစု များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို မတ်လ ၄၊ ၅၊ ၆ ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ ၆ နာရီ သတင်းအပြီး တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်