တိုင်းပြည်အတွက် တစ်တပ်တစ်အား ICJ သည်ဟိဂ်မြို့မှာသွားပြီး အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားကို အတတ်နိုင်ဆုံးကြိုးစားပြီး ကာကွယ်ခဲ့ပါတယ်

 

ရန်ကုန်   မတ်   ၂        


မြန်မာနိုင်ငံကို   အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့က ဦးဆောင်၍ တက်ရောက်ဖြေရှင်းခဲ့သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင်    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့    ပြန်လည်ရောက်ရှိလာရာ    ပြည်သူများမှ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး ပြည်သူများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

 


ဦးကိုကိုလှိုင်(ပြည်ထောင်စုဝန်ကြီး)


ကျွန်တော်တို့အနေနဲ့ကတော့ ခုလို တိုင်းပြည်အတွက် တစ်တပ်တစ်အား ICJ သည်ဟိဂ်မြို့မှာ    သွားပြီး  အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့ပြီးတော့ တိုင်းပြည် ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားကို အတတ်နိုင် ဆုံး   ကြိုးစားပြီး  ကာကွယ်ခဲ့ပါတယ်။ အဲ့ဒီလို ဆောင်ရွက်နေတဲ့အချိန်မှာလည်းပဲ တစ်နိုင်ငံလုံးကဝိုင်းပြီးထောက်ခံအားပေး ကြပါတယ်။   အဲ့ဒီလို  အားပေးထောက်ခံ ကြတဲ့   ပြည်သူတွေရဲ့    လက်ခုပ်သံကို ကြားရတဲ့အခါ      ကျွန်တော့်အနေနဲ့ အများကြီး  အားရှိခဲ့ပါတယ်။  ခုလည်းပဲ ဒီလိုမျိုး   အများကြီးလာပြီး   ကြိုဆိုကြ တယ်။   သောင်းသောင်းဖြဖြ  ထောက်ခံ အားပေးကြတယ်ဆိုတဲ့အခါ      တကယ် လည်း ကျွန်တော့်အနေနဲ့ ဝမ်းသာပါတယ်။ အတိုင်းထက်အလွန်ကိုပဲ ပိုပြီးဆက်လုပ် ဖို့အတွက် အားရှိသွားပါတယ်လို့ ပြောချင် ပါတယ်။ 

 


ဒေါက်တာသီတာဦး
(ပြည်ထောင်စုရှေ့နေချုပ်)


နိုင်ငံတော်အတွက်     ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့   ကျွန်မ   အစွမ်းကုန် ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း ဒီအတွက် အလွန်ကျေနပ်အားရ ပါတယ်။  ယခု ဒီကိစ္စက ဥပဒေကြောင်း သက်သက်သွားတာဖြစ်ပါတယ်။ Geno-cide Convention ရဲ့အောက်မှာ အငြင်း ပွားခွင့်မရှိဘူး၊   တရားစွဲဆိုခွင့်မရှိဘူး။ တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူး။ အမှုကို လက်မခံရဘူး ဆိုတဲ့ ဥပဒေပိုင်းသက်သက် ကိုပဲ  သွားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်မကတော့ ဥပဒေပိုင်းနဲ့ ပတ်သက် တာ အကုန်လုံးကို တကယ်ကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ်က တကယ်ကို   နိုင်ငံတော်အတွက် ဆောင်ရွက်တဲ့အခါမှာ ဝိုင်းပြီး ထောက်ခံ အားပေးကြတဲ့အတွက်       အများကြီး ဝမ်းသာတာပေါ့။ 

 


အမျိုးသားရေးဘာမထီဆရာတော်


မတရားစွပ်စွဲတဲ့ကိစ္စကို  သွားရောက် ဖြေရှင်းတယ်။  ကမ္ဘာမှာ   မြန်မာဆိုတာ မဟုတ်မခံတဲ့   လူမျိုးဆိုတာ    ကမ္ဘာက  သိသွားတယ်။   ဒီလို  ကမ္ဘာကသိအောင် သွားရောက်ဖြေရှင်းတဲ့      ပြည်ထောင်စု ဝန်ကြီးဖြစ်တဲ့ ဒကာကြီး ဦးကိုကိုလှိုင်နဲ့ အဖွဲ့ကို     ဘုန်းဘုန်းဂုဏ်ပြုတဲ့အနေနဲ့ လာရောက်ကြိုဆိုတာပါ။ ဂမ်ဘီယာနိုင်ငံ ဆိုတာ    မြန်မာနိုင်ငံနဲ့    အဝေးကြီးပါ။ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံက အချုပ်အခြာ ပိုင်နိုင်ငံဖြစ်တယ်။    ဝင်ရောက်စွက်ဖက် တာကို ဘုန်းဘုန်းတို့ လက်မခံပါဘူး၊ ဒီနေ့ ဘုန်းဘုန်းတို့က ဒီထက်မက ကြိုဆိုချင် တာပါဟု မိန့်တော်မူသည်။

 


ဒေါ်ခင်ဝိုင်းကြည်
(လွှတ်တော်ကိုယ်စားလှယ်ဟောင်း)


နိုင်ငံတော်အတွက်    သစ္စာအပြည့်နဲ့ အမှန်တရားဘက်က        ရပ်တည်ပြီး မြင်အောင်ချေပပေးနိုင်ခဲ့တဲ့        ဆရာ ဦးကိုကိုလှိုင်နဲ့ အဖွဲ့တွေ ပြန်လာတာကို ဝမ်းသာအားရနဲ့    ဂုဏ်ပြုကြိုဆိုတာပါ၊မြန်မာနိုင်ငံကို      တရားစွဲတယ်ဆိုတာ ကမ္ဘာ့အလယ်မှာ       သိက္ခာကျအောင် သတင်းအတုတွေလွှင့်ပြီး မတရားသဖြင့် ဆောင်ရွက်တာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ် အခြာအာဏာကို   စော်ကားတာပါ။   နိုင်ငံ တစ်နိုင်ငံက       အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားရင်   လေးစားရမယ်၊    အခု ဟာက ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံကို စော်ကားတာပါ။   ဒီလို  စော်ကားတာက လည်း  တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေ ပါတယ်။       အနာဂတ်အတွက်လည်း   အများကြီး        သက်ဆိုင်တဲ့အတွက် လက်ခံလို့မရပါဘူး။  အခု ပြည်သူတွေ  လာကြိုနေကြတယ်၊ အမှန်တော့ ဒီထက် မက  လာကြိုချင်ကြတာပါ။   ဒါတွေကို   ကမ္ဘာ့နိုင်ငံတွေသိအောင် ချပြပေးစေချင် ပါတယ်။

 


အမျိုးသားရေးဆောင်ရွက်နေသည့်
ပြည်သူတစ်ဦး


ကျွန်တော်တို့  မြန်မာနိုင်ငံကို တရား စွဲခွင့်မရှိဘဲနဲ့ အကြောင်းမဲ့ တရားစွဲတယ်၊ မတရားသဖြင့် တရားစွဲခဲ့တာကို ပြည်ပ အဖွဲ့အစည်းတွေက အထောက်အပံ့တွေ ပေးပြီး မတရားအမှုဖွင့်ခဲ့ကြတယ်။ ဒါတွေ ကို   ပယ်ဖျက်နိုင်အောင်    မြန်မာနိုင်ငံရဲ့  သူရဲကောင်းတွေဖြစ်တဲ့ ဆရာဦးကိုကိုလှိုင် နဲ့ ဆရာမ ဒေါ်သီတာဦးတို့က သွားရာက် ဖြေရှင်းခဲ့တယ်။            ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့မြန်မာနိုင်ငံက အပြစ်မရှိဘူး ဆိုတာ   သိသင့်သလောက်    သိရှိသွားပြီ။ ဒါကြောင့်   ကျွန်တော်တို့နိုင်ငံရဲ့    သူရဲ ကောင်းတွေကို  ကြိုဆိုတာပါ။  ကြိုလည်း ကြိုဆိုသင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားတွေကို      ဒုက္ခပေးတုန်း ကတော့     သူတို့စတင်လုပ်ဆောင်ခဲ့ကြ တာပါ။ ကျွန်တော်တို့နိုင်ငံမှာမရှိတဲ့  လူမျိုး ကို    အရှိလုပ်ပြီး    မတရားဆောင်ရွက်ခဲ့ တယ်။   ဒီအတွက်   တိုင်းရင်းသားတွေ အနေနဲ့       လက်ခံနိုင်စရာမရှိပါဘူးဟု ပြောသည်။

 


ပြည်သူတစ်ဦး


ခုလို ICJ မှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖြေရှင်းကြတဲ့ ဆရာ ဦးကိုကို လှိုင်ရယ်၊    ဒေါ်သီတာဦးရယ်ပေါ့နော်။ တစ်ဖက်က ကျွန်တော်တို့ နိုင်ငံနဲ့ နီးစပ် ခြင်းမရှိတဲ့ ဂမ်ဘီယာဟာ နယ်သာလန်မှာ ICJ အမှုနဲ့ပတ်သက်ပြီး တရားစွဲတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံက ဥပဒေကြောင်းအရ တိတိကျကျလေးစားလိုက်နာပြီး ဖြေရှင်း တယ်ဆိုတဲ့ဟာလေးကို ပေါ်လွင်အောင် နယ်သာလန်မှာသွားပြီး ဖြေရှင်းပါတယ်။ ဖြေရှင်းတဲ့အပေါ်မှာ ဖြေကြားခြင်းများကို ပြည်သူတွေ     သိရှိပြီးဖြစ်ပါလိမ့်မယ်။

 

ကျွန်တော်တို့တွေသည် ဥပဒေကြောင်း အရမှာ   တင်စွဲလာခြင်းကို   လေးလေး စားစားနဲ့ နိုင်ငံတကာက ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ်မှာ         မြန်မာနိုင်ငံသည် လေးစားစွာပြန်ပြီး    တုံ့ပြန်ဖြေရှင်းခဲ့တဲ့ အပေါ် ကျွန်တော်တို့နိုင်ငံ      ပြည်သူတွေက ဒီမိုကရေစီမှာ ဥပဒေကို လေးစားလိုက်နာ ပြီး ဆောင်ရွက်တယ်ဆိုတာကို ပေါ်လွင် အောင်           ဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ မြန်မာပြည်သူ အကုန်လုံး က ဝမ်းသာပီတိဖြစ်ရပါတယ်။ အားလုံး သည် ရင်ထဲတစ်ထပ်တည်းရှိတဲ့ ပြည်သူ တွေက လာရောက်ကြိုဆိုခြင်း ဖြစ်ပါတယ်။


သတင်း-လင်းခန့်
ဓာတ်ပုံ-သိန်းဝင်း