
နေပြည်တော် မတ် ၁
ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်များ ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်တောင်ရပ်ကွက်နေ ညီညီစံ(ခ)သားညီနှင့် ဇော်မင်းနိုင်တို့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ် (အရှေ့ပိုင်း)မြို့နယ်နေ မ----(၂၄ နှစ်)အား မြိတ်မြို့ရှိ KTV ဆိုင် တွင် အရက်ရောင်းပြီး အခန်းတစ်ခါဝင်ပါက ငွေကျပ် ၁၀၀၀ နှင့် မုန့်ဖိုး များရကြောင်း ပြောဆိုစည်းရုံး၍ KTV သို့ ပို့ဆောင်ခဲ့ပြီး လွတ်လပ်စွာ သွားလာခွင့်မပေးဘဲ ပိတ်လှောင်ကာပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် မြိတ်မြို့မ ရဲစခန်း (ပ) ၁၁၄၂/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြိတ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ ခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် တရားခံ ညီညီစံ(ခ)သားညီနှင့် ဇော်မင်းနိုင် တို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်