
ရန်ကုန် မတ် ၁
ရန်ကုန်မြို့ အမှတ် ၁၅ မိုးကောင်းလမ်း တွင် တည်ရှိသော မြဝတီမီဒီယာစင်တာ တွင် ဖွင့်လှစ်မည့် Star FM Radio Station တွင် တာဝန်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်း ၁၅ ဦးဖြင့် ဖွင့်လှစ် လျက်ရှိသော Internship လုပ်ငန်းခွင် လက်တွေ့ လေ့လာဆောင်ရွက်မှု သင်တန်းမှ သင်တန်းသားများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မတ် ၁ ရက်တွင် သတင်းမီဒီယာဥပဒေ၊ နည်း ပညာဥပဒေနှင့် သတင်းမီဒီယာ ကျင့်ဝတ် ဆိုင်ရာ ဘာသာရပ်များနှင့် သတင်းမီဒီယာ ဆိုင်ရာ အတွေ့အကြုံများကို ရန်ကုန်မြို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ဟောပြောပို့ချခဲ့ရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ ဒုတိယ ဥက္ကဋ္ဌ(၂) ဦးတင်မောင်ဦး (ကြို့ပင်ကောက် တင်မောင်ဦး)နှင့် ကောင်စီဝင် ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ်မြမဉ္ဇူ) တို့က ဆွေးနွေး ဟောပြောပို့ချကြောင်း သိရသည်။ သတင်းစဉ်