စစ်ကိုင်းတိုင်းဒေသကြီး  မြင်းမူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဆပ်ပြာကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ  ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏အမျိုးသားအား သတ်ဖြတ်ကာ ဆရာ၊ ဆရာမများ၏ လစာငွေများအား လုယက်ယူဆောင်

 

 

နေပြည်တော်   မတ်    ၁
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက် သမားများက ဆပ်ပြာကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်  ၎င်း၏အမျိုးသားအား သတ်ဖြတ်ကာ ဆရာ၊ ဆရာမများ၏  လစာငွေများအား  လုယက်ယူဆောင်သွားခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ  ဖေဖော်ဝါရီ ၂၈ ရက်  ညနေ ၄ နာရီခန့်တွင်  စစ်ကိုင်း တိုင်းဒေသကြီး မြင်းမူမြို့နယ်  ဆပ်ပြာကျင်းကျေးရွာ၏  အရှေ့ဘက် တစ်မိုင်ခန့်အကွာ လှည်းလမ်းပေါ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်  ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့်  အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း  သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့   သွားရောက်စစ်ဆေးခဲ့ရာ   ဆပ်ပြာကျင်းကျေးရွာနေ ဦးရဲမင်းခေါင်(၄၁)နှစ်  (ဘ) ဦးအောင်ငွေစိုးနှင့်  ၎င်း၏ဇနီးဖြစ်သူ ဆပ်ပြာကျင်းအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမ ကြီးဖြစ်သူ   ဒေါ်ဌေးငွေ(၄၈)နှစ်  (ဘ)  ဦးမြသောင်းတို့နှစ်ဦးသည် ဆပ်ပြာကျင်းကျေးရွာ    အခြေခံပညာမူလတန်းကျောင်းရှိ  ဆရာ၊ ဆရာမများ၏  လစာငွေများ ထုတ်ယူပြီး မြင်းမူမြို့မှ ဆပ်ပြာကျင်း ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် အခင်းဖြစ် နေရာအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာမ ကြီးအား   “CDM မလုပ်သည့်အတွက်ကြောင့်”ဟု ခြိမ်းခြောက် ပြောဆိုကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးရဲမင်းခေါင် တွင်   ဝဲနားနောက်  ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ နောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊     ခါးဝဲဘက်ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးငွေတွင်   ဝဲနား   ကျည် ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ပြီး အကြမ်းဖက်သမားများက ၎င်းတို့ နှစ်ဦးထံမှ ဆရာ၊ ဆရာမ များ၏ လစာငွေကျပ် ၇၉၉၅၀၀ နှင့် ငွေစုငွေချေး ချေးငွေကျပ် သိန်း ၂၀ တို့ကို ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
ထိုကဲ့သို့ ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းနှင့် ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့်  အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက်  လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်  ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ    ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။            
       သတင်းစဉ်