
နေပြည်တော် ဖေဖော်ဝါရီ ၂၈
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစား ချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “သထုံမြို့မဈေးအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်ချိန်ကိုက် မိုင်းဖြင့် ဖောက်ခွဲမှုကြောင့် ဈေးရောင်း/ဈေးဝယ်ပြုလုပ်နေကြသည့် အပြစ်မဲ့ပြည်သူ များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင်ခန်း အများအပြား ပျက်စီးဆုံးရှုံးခဲ့မှု” ခေါင်းစဉ်ဖြင့် မတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်၊၊
အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “CDM ရန်ပုံငွေ အရှုပ် တော်ပုံ သို့မဟုတ် အ သူခံ လည်သူစား” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ် သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ် များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ ပါဝင်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ် များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက် အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ် ကြောင်း သိရသည်၊၊
သတင်းစဉ်