
မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်
ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
ယမန်နေ့မှအဆက်
ကြည်စိုးထွန်း ။ ။ ဒါပေါ့ စိတ်ထဲမှာ ကိုယ်က ဖြစ်လာတာပေါ့နော် ဇာတ်ကောင်နေရာမှာ ဝင်လာတာပေါ့။ အခုတော့ အစ်မရယ် ကန်ပေါင် လျှောက်လည်း တက္ကသိုလ်ဖြစ်နေတာပေါ့နော်။ ဒါလေးတွေတော့ လိုမယ် ထင်ပါတယ်။ ဟုတ်ပါပြီ အစ်မရယ် အခုတော့ ဒါနောက်ဆုံးပါ။ ‘ချစ်အမျှ’ နောက် ဘာရိုက်သေးလဲ။
ဒေါ်ခင်ယုမေ ။ ။ ‘ချစ်အမျှ’ ပြီးတော့ ပြီးပြီ၊ ဘာမှမရိုက်တော့ဘူး။
ကြည်စိုးထွန်း ။ ။ နားရတာပေါ့နော် အေးအေးဆေးဆေးနားရတာပေါ့။ တစ်ခါတလေမှာလည်း ပွဲတွေဘာတွေရှိတဲ့အခါမှာလည်း အစ်မခုနက မောင်ရန်အောင်တို့ ဘာတို့နဲ့ လိုက်ဆို ဘာညာ ဒီလိုလေးတွေတော့ ရှိတာ ပေါ့နော် အစ်မ။
ဒေါ်ခင်ယုမေ ။ ။ နောက်ပိုင်းတော့ အများအားဖြင့် ကျန်းမာရေး ကောင်းနေတုန်းက ကိုကြည်စိုးထွန်းတို့ တွေ့ပါတယ် တိ-နိလေ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ တိ-နိမှာ ဟာဟုတ်တာပေါ့၊ အစ်မအများကြီး ကုသိုလ်ရတာ။
ဒေါ်ခင်ယုမေ ။ ။ တိ-နိမှာ စွယ်တော်ရောက်တာ၊ အစ်မတို့ တိ-နိအဖွဲ့ တွေသွား မင်းသမီးတွေရော ဘာရော။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ကောင်းတယ်။
ဒေါ်ခင်ယုမေ ။ ။ ဝတ်သွားရွတ်ကြတာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ ။ ။ အဲဒီအလုပ်ပဲ လိုက်လုပ်တာပေါ့။
ကြည်စိုးထွန်း ။ ။ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အဖွဲ့ပေါ့နော်၊ ကောင်းလိုက်တာ အစ်မရယ် အဲ့ဒါလည်း အနုပညာသည်တွေ ပေါင်းပြီးတော့ လုပ်ကြတဲ့ဟာ ကောင်းပါတယ် အဲဒီဟာ။ နောက်ဆုံးတော့ အစ်မ တရားဘက် ရောက်သွားတာပေါ့နော်။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။ အခုကျတော့ တိ-နိတောင်မသွားနိုင် တော့ဘူး။
ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ် အစ်မရယ်။ ဒါပေမယ့်လည်း အစ်မ ပရိသတ်တွေ အများကြီးရှိပါတယ်။ အစ်မကို မမေ့သေးတာ၊ အစ်မကိုသတိရ နေတဲ့ ပရိသတ်တွေလည်း အများကြီး ရှိပါသေးတယ်။ အဲဒီတော့ အခုဟာက ကျွန်တော်လည်း တောင်းဆိုတဲ့ ပရိသတ်တွေက ရှိနေတဲ့အတွက် အစ်မနဲ့ ကျွန်တော် လာတွေ့တာပါ။ တွေ့တော့ အစ်မရဲ့ပရိသတ်ပေါ့၊ နောက်ပြီးတော့ ကျွန်တော်တို့ရုပ်ရှင်ပရိသတ်ပေါ့။ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ ရိုက်တဲ့ကား တွေမဟုတ်ပေမယ့် နောက် ကျွန်တော်တို့ရဲ့ ညီငယ်ညီမငယ် သားငယ်သမီး ငယ်တွေ ရိုက်တဲ့ကားတွေကိုကြည့်နေတဲ့ ပရိသတ်၊ အဲဒီလိုရုပ်ရှင်ကြည့် ပရိသတ်၊ ဗီဒီယိုကြည့်ပရိသတ်၊ နောက်ဂီတပရိသတ်နဲ့ ပတ်သက်လို့ အစ်မ ဘာများ ပြောစရာရှိပါသေးလဲ ပြောပါအစ်မ။
ဒေါ်ခင်ယုမေ ။ ။ အစ်မရဲ့ ပရိသတ်ကိုတော့ အစ်မခုထက်ထိ လေးစား ပါတယ်။ ပရိသတ်ကလည်း ကိုယ့်ကို တွေ့ရာနေရာမှာ ခင်မင်ကြပါတယ် ခေါ်ကြပါတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ ။ ။ ဆေးရုံသွား ဆေးရုံတွေ့၊ လမ်းမှာသွား၊ အလှူဖြစ်ဖြစ် တွေ့တဲ့နေရာမှာ သူတို့ကလေ။
ကြည်စိုးထွန်း ။ ။ ချစ်တုန်းပဲ။
ဒေါ်ခင်ယုမေ ။ ။ နှုတ်ဆက်ကြပါတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ သူတို့ကို။
ဒေါ်ခင်ယုမေ ။ ။ ပရိသတ်ကိုလည်း ကိုယ်ကအမြဲတမ်းချစ်တော့ ပရိသတ်ကလည်း ကိုယ့်ကို အမြဲတမ်း ချစ်တာကို ခံယူရပါတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ ။ ။ အဲ့ဒါကို အစ်မတို့က ဝမ်းသာတာပေါ့နော်။
ကြည်စိုးထွန်း ။ ။ ဒါပေါ့။
ဒေါ်ခင်ယုမေ ။ ။ ကိုယ်လုပ်ခဲ့တဲ့အနုပညာ ကိုယ်ရှေ့လျှောက် မလုပ် နိုင်တော့။ ဒါပေမယ့် ပြီးခဲ့တဲ့ဟာလေးတွေကို သူတို့က ယနေ့ထိ အသိအမှတ် ပြုပါတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ ။ ။ အဲဒါမျိုးပေါ့နော်။ အခုနောက်ပိုင်း တွေ့တဲ့လူတွေက အစ်မလေ ကျွန်မတို့က ဟိုဇာတ်ကားထဲမှာ ဟိုနေရာလေးလေ အဲဒါလေးလုပ် သွားတာ၊ သူတို့က ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကိုပါ သူတို့က အလွတ်ရနေတာ။ ဪ ဒါဆို သူတို့တွေက တကယ်သဘောကျကြတာပဲ။ ကိုယ်က ပိုပြီးတော့ လေ လေးစားတယ် ချစ်တယ်။
ကြည်စိုးထွန်း ။ ။ မှန်ပါတယ်အစ်မရယ်၊ ကျွန်တော်တို့ အနုပညာသည် တွေရဲ့ ဘဝဆိုတာက ပရိသတ်ပေါ် မှီတည်နေရတာကိုးနော်။ ရေမြင့်မှ ကြာတင့်တာပေါ့နော်။ ပရိသတ်ဖွံ့ဖြိုးတိုးတက်မှ၊ ပရိသတ်ရဲ့ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှ ကျွန်တော်တို့ရဲ့ အနုပညာကလည်း တိုးတက်မှာကိုး အစ်မ ရဲ့နော်။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်လေ။
ကြည်စိုးထွန်း ။ ။ အဲဒီတော့ တစ်ပိုင်းက ကျွန်တော်တို့ ကိုယ်တိုင် ကလည်း အနုပညာကို တိုးတက်အောင် ကြိုးစားရမယ်။ တိုးတက်နေတဲ့ အနုပညာကို ကျွန်တော်တို့ ပရိသတ်ကလည်း အားပေးမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ အစ်မရေ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ် အပေါ်မှာထားတဲ့ မေတ္တာ စေတနာ၊ ပရိသတ်အပေါ်မှာထားတဲ့ ကျေးဇူးတရားကို သိတတ်မှုနဲ့ အစ်မဟာ ဒီနေ့ထိလည်း ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်းနဲ့ ရှိနေတဲ့အတွက် အခုကျွန်တော့်ရဲ့ ရုပ်ရှင်စကားဝိုင်းလေးမှာ အခုလိုအချိန်ပေးပြီး ပြောကြားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် အစ်မရယ်၊ နောင်လည်း တွေ့ကြပါဦးစို့နော်။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်ပါပြီ၊ ကိုကြည်စိုးထွန်း ကျေးဇူးကြောင့် ပရိသတ် တွေလည်း တွေ့ရတာပေါ့နော်၊ အစ်မဘာသာ အစ်မဆိုရင် မပြောဖြစ်ဘူးလေ။
ကြည်စိုးထွန်း ။ ။ အခုလို ရယ်တာကိုက ပရိသတ်ဘယ်လောက်ချစ်နေ မလဲ အစ်မစဉ်းစားကြည့်။ ကျေးဇူးတင်ပါတယ် အစ်မရယ်နော်၊ ကန်တော့ပါ တယ် အစ်မရယ်။
- Log in to post comments