
ပေါက်တော ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက် ၁၈ နှစ် နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား သတ္တမ အသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Covaxin (10 dose)ကို ယနေ့နံနက် ၉နာရီက ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိမ်နီပြင် IDP စခန်း၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်စေတနာ့ဝန်ထမ်းများ က လိုအပ်သည်များ ကူညီပေးခြင်း စသည်တို့ကို ဆောင်ရွက်သည်။ ထိုသို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများ ကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ယနေ့တွင် ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် lDP စခန်း၌ ခိုလှုံနေကြသော ပြည်သူစုစုပေါင်း ၁၈၃ ဦး လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)