မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၇


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

 


တက်ရောက်ကြည်ညို


အခမ်းအနားသို့ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌ ဂုရု ဘဒ္ဒန္တ ဇနိန္ဒနှင့် တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့  အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊   ကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။

 


ဦးစွာ အခမ်းအနားကို နမော တဿ  သုံးကြိမ်ရွတ်ဆို   ဘုရား ကန်တော့ဖွင့်လှစ်ပြီး ဆရာတော် ကြီးများက မေတ္တာပို့ဂါထာတော် များ ရွတ်ဆိုပူဇော်ကြသည်။ ထို့ နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများက ရတနတ္တယပူဇာ ဂါထာတော်နှင့် မေတ္တာပို့လင်္ကာ နှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ် ရွတ်ဆိုပွားများပူဇော်ကြသည်။

 


ယင်းနောက် ဆရာတော်ကြီး များက    ရတနာပန္နက်တော်နှင့် ရွှေလက်ရိုက်တော်တို့ကို ပရိတ် နံ့သာရည်များ ပက်ဖျန်း၍ သိဒ္ဓိ မင်္ဂလာ    ဆင်ယင်ချီးမြှင့်တော်မူ ကြပြီး အကူဘုရားဒါယကာများက ရတနာပန္နက်တော်၊ ရွှေလက်ရိုက် တော်နှင့် ပရိတ်နံ့သာရည်ဖလား များကို ပင့်ဆောင်၍ တည်ဆောက် မည့် ကျောင်းဆောင်တော်ဝတ္ထုကံ အား   လက်ယာရစ်   လှည့်လည် ပူဇော်ကာ    သတ်မှတ်နေရာသို့ ပို့ဆောင်ကြသည်။
ထို့နောက်   ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်က ဗဟိုပန္နက်တော် ဌာနတွင်    ရတနာပန္နက်တော်ကို  စိုက်ထူ၍              ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်သည်။

 


ဆက်လက်၍   ပန္နက်တော် စိုက်ထူပူဇော်သည့် ရှေးထုံးစဉ်လာ ကျမ်းဂန်တော်လာ အစဉ်အလာ မြတ်များနှင့်အညီ နေရာယူကြပြီး  ကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူး ကြီး    စိုးဝင်း၊     ကောင်စီဝင်များ ဖြစ်ကြသည့်          ဗိုလ်ချုပ်ကြီး မြထွန်းဦး၊         ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊   မန်းငြိမ်းမောင်၊ ဒုတိယဗိုလ်ချုပ်ကြီး         စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး    ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့်   ဦးဝဏ္ဏမောင်လွင်နှင့်  ဦးကိုကိုတို့က     သတ်မှတ်နေရာ အသီးသီး၌    ရတနာပန္နက်တော် များကို စိုက်ထူပူဇော်ပြီး ပရိတ် နံ့သာရည်    ပက်ဖျန်းပူဇော်ကြ သည်။           

 


ထို့နောက် သံဃာတော် အရှင် သူမြတ်များဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့်  ဇယမင်္ဂလာ   အောင်ဂါထာတော် များကို ရွတ်ဆိုပူဇော်ကြပြီး ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု     သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကို   ရုပ်သိမ်းကာ   ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

 


ယင်းနောက် ရှင်းလင်းဆောင် ၌          ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်          ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး      တည်ထားကိုးကွယ်ရေး လုပ်ငန်းများ    တိုးတက်မှုအခြေ အနေနှင့် ဆက်လက်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သစ်ပင် များအား မိုးမကျမီ အပြီးစိုက်ပျိုး ရန်၊ မြန်မာမှုလက်ရာများကို စနစ် တကျဖြစ်စေရေး  ရှေးမူလက်ရာ  များအားလေ့လာ၍ ဆောင်ရွက်ရန်၊ လုပ်ငန်းများ စနစ်တကျ ပြီးစီးစေ ရေး   ဆောင်ရွက်ရန်နှင့်    အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 


လိုအပ်သည်များ မှာကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပိုင်း(၁)နှင့် အပိုင်း(၂)တို့အား ခေတ်မီစက်ကိရိယာများ အသုံး ပြု၍  ထွင်းထုပူဇော်နေမှုကို   ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ    မှာကြားဖြည့်ဆည်း   ဆောင်ရွက်ပေး  သည်။

 


  လှည့်လည်ကြည့်ရှုစစ်ဆေး


ယင်းနောက် ဉာဏ်တော်ကိုးပေရှိ ဆင်းတုတော် များကို CNC စက်ဖြင့် ထုဆစ်ထားရှိမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း    မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။  

             
သတင်းစဉ်