ပိုမိုပြင်းထန်သည့် တောမီးလောင်မှုများနှင့် ကမ္ဘာကြီးရင်ဆိုင်ရဖွယ်ရှိ

 

နှင်းမိုးအိမ်

 

ကမ္ဘာကြီးပူနွေးလာမှုကြောင့်  လာမည့်ဆယ်စုနှစ် များအတွင်း   တောမီးအကြီးအကျယ်လောင်မှုများ ပေါ်ပေါက်လာမည်ဟု ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၄ ရက်တွင် သတိပေးပြောကြားခဲ့သည်။  

 


ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင် 


တောမီးလောင်မှုများကြောင့် လူသေဆုံးမှုများ နှင့် ပျက်စီးဆုံးရှုံးမှုများအကြီးအကျယ်ပေါ်ပေါက်လာနိုင်ရာ   အစိုးရများက လုံလောက်သည့်ပြင်ဆင် မှုများမရှိသေးဟုလည်း    ဆက်လက်သတိပေးခဲ့ သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို  လျှော့ချ နိုင်ရေး ရည်မှန်းချက်ကြီးကြီးဖြင့် လုပ်ဆောင်နေ ကြသော်လည်း  ကြောက်မက်ဖွယ်ကောင်းသည့် တောမီးလောင်မှုများကိုမူ လျှော့ချနိုင်မည်မဟုတ် ပေဟု ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်  အစီအစဉ် ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

 


လောင်စာသဖွယ်ဖြစ်လာမည် 


ရာစုနှစ်အကုန်ပိုင်းတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဩစတြေးလျနိုင်ငံ၌ လောင်ခဲ့သည့် တောမီးကဲ့သို့ပင် နောက်ထပ် တောမီးများလောင်နိုင် ခြေ ၃၁ ရာခိုင်နှုန်းမှ ၅၇ ရာခိုင်နှုန်းအထိရှိသည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
 ကမ္ဘာကြီး၏ အပူရှိန်ကြောင့်  သာယာလှပ သည့်   ရှုမျှော်ခင်းများသည်   မီးဖိုကြီးတစ်ခုသဖွယ် အသွင်ပြောင်းလဲသွားနိုင်ပြီး ပိုမိုပြင်းထန်သည့် ရာသီဥတုများကြောင့်လည်း   ပူပြင်းခြောက်သွေ့ သည့်လေများသည် မီးတောက်များပိုမိုအားကောင်း လာစေရန် လောင်စာသဖွယ်ဖြစ်လာမည်။ 

 


ကာလရှည်ကြာသက်ရောက်မှု 


တောမီးလောင်မှုများသည်       နေရာမရွေး  ဖြစ်ပေါ်လာနိုင်သည်။        တောမီးလာင်မှုမှာ ကောင်းမွန်သည့် အရာမဟုတ်ဟု  တောမီးစီမံခန့်ခွဲမှု  ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ပီတာက ကုလသမဂ္ဂ အစားအစာနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း   (အက်ဖ် အေအို )တွင်  ပြောကြားခဲ့သည်။ တောမီးလောင်မှု ကြောင့်  ပြည်သူများအပေါ် အကျိုးသက်ရောက်မှု မှာ လူမှုရေး ၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအရ ကာလရှည်ကြာ   သက်ရောက်မှုရှိမည်ဟုလည်း ၎င်းက   သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

 


လူ့အသက်ဆုံးရှုံးမှုများဖြစ်ပေါ် 


 တောမီး    အကြီးအကျယ်လောင်မှုများကို ရက်အနည်းငယ်၊     သီတင်းပတ်အနည်းငယ်ဖြင့် ငြှိမ်းသတ်ပေးနိုင်ခြင်းမရှိဘဲ    အသက်ရှူလမ်း ကြောင်းဆိုင်ရာပြဿနာများ၊        အထူးသဖြင့်  ကလေးငယ်များနှင့်    သက်ကြီးရွယ်အိုများတွင်   နှလုံးရောဂါများဖြစ်လာစေနိုင်သည်။    တောမီး လောင်မှုမှ  ထွက်ပေါ်လာသည့်    မီးခိုးငွေ့များနှင့်   ထိတွေ့မှုကြောင့် နှစ်စဉ်  နိုင်ငံပေါင်း ၄၃ နိုင်ငံမှ လူပေါင်း ၃၀၀၀၀ ကျော်မှာ  အသက်ဆုံးရှုံးရသည်ဟု ဒေတာကောက်ယူမှုများအရ သိရှိရကြောင်း  မကြာ သေးမီက  ဖော်ပြထားသည့်  လေ့လာမှုတစ်ခုတွင် တွေ့ရသည်။

 


တွန်းအားပေးသကဲ့သို့ဖြစ်နေ 


 တောမီး အကြီးအကျယ်လောင်မှုများကြောင့် တောရိုင်းတိရစ္ဆာန်များအတွက်လည်း  အန္တရာယ် ကြီးမားကာ       ရှားပါးတိရစ္ဆာန်များကိုလည်း မျိုးသုဉ်းလုနီးနီး  အခြေအနေအထိ  ရောက်ရှိရန် တွန်းအားပေးသကဲ့သို့ဖြစ်နေသည်။ နို့တိုက်သတ္တဝါ၊ တွားသွား သတ္တဝါ၊ ငှက်နှင့်ဖား ၃  ဘီလီယံနီးပါးမှာ သတ်ဖြတ်ခံရခြင်း သို့မဟုတ်   ဒဏ်ရာအနာတရ ဖြစ်မှုများ  ဖြစ်ပွားရသည်ဟု   သိပ္ပံပညာရှင်များ က   တွက်ချက်ထားသည်။ 

 


ရာသီဥတုပြောင်းလဲမှုကို ဆိုးရွားစွာဖြစ်ပေါ်စေနိုင်


ဥပမာ - ဩစတြေးလျတောမီးကြောင့် အကြီး အကျယ် ထိခိုက်ပျက်စီးရသည်ဟု  သိပ္ပံပညာရှင် များက  တွက်ချက်ထားသည်။   တောမီးလောင်မှု ကြောင့် ရာသီဥတုပြောင်းလဲမှုကိုလည်း  ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူလှိုင်း၊   မိုးခေါင်ရေရှားမှုနှင့်    အစိုဓာတ်  ကျဆင်းလာမှုတို့ကိုဖြစ်လာစေကာ   အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း၊ ဩစတြေးလျတို့တွင် လည်း  တောမီးလောင်မှုဖြစ်ပွားခဲ့သည်။

 


အပူချိန်မြင့်တက်လာမှုကိုဖြစ်ပွားစေ 


တောမီးများသည် ရာသီဥတုပြောင်းလဲမှုကို အရှိန်မြှင့်တင်ပေးကာ  ပိုမိုဆိုးရွားသော မီးလောင် မှုနှင့်   အပူချိန်မြင့်တက်လာမှုတို့ကို   ဖြစ်ပွားစေ ပါသည်။ 

 


ပြီးခဲ့သည့်နှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း တောမီးလောင်မှုကြောင့်   ကမ္ဘာကြီးပူနွေးလာစေ သည့် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၂ ဒသမ ၅ ဘီလီယံကျော်ကို      ထုတ်လွှတ်ပေးခဲ့သည်ဟု ဥရောပသမဂ္ဂ    လေထုစောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာအရ  သိရသည်။ ထိပ်တန်းကျွမ်းကျင်သူ ၅၀ဖြင့် ပြုစုထားသော အစီရင်ခံစာအရ ပြဿနာကို မည်သို့  ကိုင်တွယ်ဖြေရှင်းရမည်ကို     ပြန်လည် စဉ်းစားရန်  တောင်းဆိုထားသည်။

 


ဘေးအန္တရာယ်များကို လျှော့ချရမည်


 လက်ရှိအစိုးရ၏ တောမီးစီမံခန့်ခွဲမှုများသည် မှားယွင်းသည့်နေရာများတွင် ငွေကြေးသုံးစွဲနေပြီး  ကာကွယ်ခြင်းနှင့် ဘေးအန္တရာယ်လျှော့ချခြင်းနေရာများတွင် သုံးစွဲခြင်းထက် မှားယွင်းသည့် နေရာ များတွင်  သုံးစွဲမှုမျိုးဖြစ်နေသည်ဟု    ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ   အကြီးအကဲဖြစ်သူ   အင်ဂါ အန်ဒရာဆင်က   ပြောသည်။    ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားခြင်းဖြင့်    မီးဘေးကြောင့်  ဖြစ်လာနိုင်သည့်   ဘေးအန္တရာယ်များကို   လျှော့ချ ရမည်ဟု   ၎င်းကဆက်လက်ပြောကြားခဲ့သည်။   ။
                             

ကိုးကား - အေအက်ဖ်ပီ