ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရေး ကုလသမဂ္ဂမှ ငွေကြေးသန်းနှင့်ချီ၍ ခွဲဝေချထားပေးမည်

 

ကိယက်ဗ်  ဖေဖော်ဝါရီ   ၂၅


ကုလသမဂ္ဂ အဖွဲ့ကြီးသည်   ယူကရိန်း နိုင်ငံတွင် လိုအပ်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ လုပ်ကိုင်နိုင်ရေးအတွက် အမေရိကန် ဒေါ်လာ သန်း ၂၀  ကို ခွဲဝေချထားပေးသွား မည်ဟု  ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က  ပြောသည်။ 

 


ကုလသမဂ္ဂ     အတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရက်စ်သည် ဖေဖော် ဝါရီ ၂၄ ရက်က သတင်းထောက်များနှင့် တွေ့ဆုံကာ ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံအပေါ်    ရုရှား၏ ကျူးကျော်ခြင်းကို   လက်ခံနိုင်စရာ မရှိဟု     ဂူတာရက်စ်က     ပြောကြား သည်။ 

 


စစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် နှင့် တပ်ဖွဲ့ဝင်များကို   ရုရှားနိုင်ငံသို့ ပြန်လည်ခေါ်ယူရန်       ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ  ၎င်းက တောင်းဆိုခဲ့ သည်။ စစ်ဆင်ရေးတွင်  အပြစ်မဲ့သည့်  ပြည်သူများသည်   အမြဲတမ်း  တန်ဖိုး ကြီးကြီး ပေးဆပ်ရသူများဖြစ်ပါကြောင်း ဂူတာရက်စ် က   ပြောကြားလိုက်သည်။ အရပ်သားများကို ကာကွယ်စောင့်ရှောက် ရန်မှာ   နံပါတ်တစ်   အရေးကြီးသည့် ကိစ္စလည်းဖြစ်ကြောင်းဖြင့် ဂူတာရက်စ် က ထပ်လောင်းပြောကြားခဲ့သည်။          

 
အင်န်အိတ်ချ်ကေ